စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 10, 2012

လိုအပ်လာရင် ချစ်ကြည်ရေးတံတားပိတ်မယ်...။




ထိုင်းအစိုးရက မူးယစ်ရာဇာအဖြစ် ကြေညာထားတဲ့ ဒီကေဘီအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်နှုတ်ခမ်းမွေးက မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု မရှိတဲ့အကြောင်းကို ပြည်တွင်းပြည်ပ သတင်းစာဆရာတွေကို ဒီနေ့မနက် ရှင်းလင်း ပြောဆိုလိုက်ပါတယ်။
မြဝတီမြို့နယ် အင်းကြင်းမြိုင်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်နူတ်ခမ်းမွေးက ပြောကြားလိုက်တာပါ။
ထိုင်းဘက်က ဗိုလ်နှုတ်ခမ်းမွေးကို မူးယစ်ရာဇာအဖြစ် စွပ်စွဲထားပြီး ဖမ်းဝရမ်း ဆုငွေထုတ်ထားတဲ့အပေါ်ကို ရှင်းလင်းဖို့အတွက် ပြည်တွင်းပြည်က သတင်းထောက်ကို ဖိတ်ကြားပြီးပြုလုပ်တာပါ။
သတင်းထောက်တွေက နယ်စပ်ဂိတ်တွေပိတ်ရတဲ့ မေးမြန်းမှုအပေါ်ကို ဗိုလ်နှုတ်ခမ်းမွေးက ဖြေကြားသွားတာလို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဖိုးစီက ပြန်ပါတယ်။


“ကျနော်တို့ အခုလိုမျိုး ရင်ဆိုင်ရတဲ့ ပြဿနာတွေမှာ ဂိတ်တွေပိတ်တယ်။ အခန့်မသင့်ရင် ချစ်ကြည်ရေးတံတားကို ပိတ်မယ်။ ဘာကြောင့် ချစ်ကြည်ရေးတံတားကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့ ကရင်ပြည်နယ်မှာ ရှိတဲ့အတွက် ကျနော်တို့က ကရင်လူမျိုးတွေ ဖြစ်တယ်။ ဒါကြောင့် အကယ်၍ ပြဿနာ အကြီးအကျယ်ဖြစ်ရင် ဒီချစ်ကြည်ရေးတံတားကို နှုတ်ခမ်းမွေးကိုယ်တိုင် ဦးဆောင်ပြီး ပိတ်မယ်။”


အခုလို ထိုင်းအစိုးရကနေ မူးယစ်ရာဇာအဖြစ် စွပ်စွဲထားပြီး ဖမ်းဝရမ်း ထုတ်ထားတဲ့အပေါ်ကို ပြန်လည်ဖြေရှင်းနေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့ တုံ့ပြန်ပြောဆိုပြီး ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ခုချိန်ထိ ဘာကြောင့်တရားရုံမတင် နိုင်ရတာလဲဆိုပြီး မေးခွန်းထုတ်တယ်လို့ ဆိုပါတယ်။


“ဒီလို လုပ်ခြင်းအားဖြင့် ကျနော့်မှာ အချိန်ကုန်တယ်။ ကျနော် ထိန်းသိမ်းထားတဲ့ နယ်မြေမှာ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်လုပ်ရဦးမယ်။ နောက် ၂ အချက်ကတော့ သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေရှေ့မှောက်မှာ ဆုံးဖြတ်ချက်အရ ထောင်ဒဏ်ကျတဲ့အကြောင်း ဆုံးဖြတ်ပေမယ့် သူ့ကိုကျတော့ နိုင်ငံခြားမှာ ထွက်ပြေးတိမ်းရှောင်နေတာကို ဘာလို့ အမိ မဖမ်းသေးဘဲ ထိုင်းနိုင်ငံမှာ ဥပဒေရင်ဆိုင်မှု မလုပ်သလဲပေါ့နော်။ ဘာကြောင့် ကျနော့်ကို ဒီလိုလုပ်ရသလဲပေါ့။”


သစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးအခွန်၊ သတ္တူတူးဖော်ရေးနဲ့ မော်တော်ယာဉ်တွေဆီကနေ အခွန်အခနဲ့ ဒေသဖွံဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေရတာပါလို့ ဗိုလ်နှုတ်ခမ်းမွေးက သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားတယ်လို့ ဆိုပါတယ်။


ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ဟာ သူတို့ မူးယစ်ဆေးဝါးလုပ်ဆောင်တာ အချိန်မရွေး လာရောက်စစ်ဆေးဖို့ အမေရိကန်၊ မြန်မာနဲ့ထိုင်းအစိုးရက တာဝန်ရှိသူတွေကို ဖိတ်ကြားထားတယ်လို့လည်း ပြောဆိုပါတယ်။


ဒီနေ့ ပြုလုပ်တဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း သတင်းထောက် ၄၂ ဦးနှင့် ထိုင်းနိုင်ငံမှ သတင်းထောက် ၁၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

မင်းလွင် (ဒီဗွီဘီ)

0 comments: