အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန် နိုင်ငံခြားရေး ဝန်ကြီး Mr Radoslaw Sikorski တို့ ယနေ့ညနေ ၆ နာရီဝန်းကျင်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရာဒို ရှီကော့စကီ ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေပိုင်းက သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရာဒို ရှီကော့စကီ ဟာ ဒီကနေ့ နေ့ခင်းကလည်း နိုင်ငံရေး အဖွဲ့အစည်း တွေက ပုဂ္ဂိုလ်တွေနဲ့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလ၊ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ NGO အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြ ပါတယ်။
ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဟာ ပြီးခဲ့တဲ့ ရက်ကလည်း သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံပြီး ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေ (၁)နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်ပြီး ဆွေနွေးခဲ့တယ်လို့ သိရပါတယ်။ EU ဥရောပသမဂ္ဂက ပိတ်ဆို့မှု (၁) နှစ်သာ ဆိုင်းငံ့ထားတာကြောင့် နှစ်ရှည် ရင်းနှီး
မြုပ်နှံလိုသူတွေ အတွက် အခက်အခဲ ဖြစ်စေသလို လုပ်ငန်းတွေအတွက် အာမ,ခံချက် အပေါ်မှာလည်း တစုံတရာ ထိခိုက်နိုင်ကြောင်း
ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
0 comments:
Post a Comment