စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, May 10, 2012

ဒီကေဘီအေ ကလိုထူးဘော အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားပွယ်က မိမိအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း မရှိကြောင်း ပြောကြား




ဒီကေဘီအေ ကလိုထူးဘော အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်
စောလားပွယ်က မိမိအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း မရှိကြောင်း၊ စုံစမ်း စစ်ဆေးလိုပါက မြန်မာနိုင်ငံအတွင်း လာရောက်စုံစမ်း စစ်ဆေးနိုင်ကြောင်း ထိုင်း ဒုတိယ-ဝန်ကြီးချုပ် ချလမ် ယုဘမ်ရမ်း ရဲ့ ပြောကြားချက်ကို တုန့်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ ကော့သူမွဲခီး စခန်းမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် စောလားပွယ်က ပြောခဲ့တာပါ။

သူ့အနေနဲ့ ထိုင်းအစိုးရထံမှာ အဖမ်းခံမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကလိုထူးဘောအဖွဲ့ ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်မှူးကြီး
အောင်ဆန်းကလည်း… မြန်မာ အစိုးရအနေနဲ့ ဗိုလ်မှူးချုပ် စောလားပွယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းအစိုးရဘက်က တောင်းဆိုလာမယ်ဆိုရင် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ပစ်မယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းအစိုးရက အလိုရှိနေတဲ့ ထိပ်သီး မူးယစ်ရာဇာ ၂၅ ဦး စာရင်းထဲမှာ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်လည်း ပါဝင်ပြီး သူ့ကို ဖမ်းဆီးပေးနိုင်ရင် ထိုင်းဘတ်ငွေ ၁ သန်း ဆုချမယ်လို့ ထုတ်ပြန်ထား ပါတယ်။

ထိုင်းအစိုးရကတော့ ဗိုလ်မှူးချုပ် စောလားပွယ် ထိုင်းနယ်မြေထဲ လာရင် ဖမ်းဆီးမှာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

RFA Burmese

0 comments: