ကျနော်ဟာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှာ လာရောက်အလုပ်လုပ်နေသော တိုင်းဆောက် (တိုင်း ဆောက်လုပ်ရေး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း) မှ အလုပ်သမားတဦး ဖြစ်ပါတယ်။ ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါသည်။ ပြန်လည်မေးမြန်းရာ ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။
၁။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား?
၂။ ပါချုပ် (ဦးညီညီစံ) က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား?
၃။ မိမိကျောင်းဝန်း (ဗ.ဝ.တ) ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ?
၎။ ကျနော့မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ် မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား?
ဘယ်လို ဒီမိုကရေစီလဲ?
ကျနော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ လုံးဝမချိတ်ရ ဟု ပါချုပ် (ဦးညီညီစံ) က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက် လိုက်လံဖြုတ်သိမ်းခိုင်းနေပါသည်
ကျနော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံ လုံးဝမချိတ်ရ ဟု ပါချုပ် (ဦးညီညီစံ) က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက် လိုက်လံဖြုတ်သိမ်းခိုင်းနေပါသည်
နိုင်ငံတော် သမတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ ပြောဆို၊ ရေးသား၊ လုပ် ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရဟု ပြောဆိုနေခြင်းသည် “ဘယ်လို ဒီမိုကရေစီလဲ ?” ဤသို့ပြောဆိုနေသော ပါချုပ် (ဦးညီညီစံ) ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါ သလား?
အချို့ စစ်တပ်လိုင်းခန်းများနှင့် အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ ချိတ်ကြပါသည်။ ကျနော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော် အကြီးအကဲများ သိစေရန်တိုင်ကြားအပ်ပါသည်။
(တိုင်းဆောက်လုပ်ရေးမှ အလုပ်သမားတဦး)
facebook : Infinity Power
0 comments:
Post a Comment