စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 7, 2012

ကားတိုက်ခံရသော မြန်မာ အလုပ်သမားလေးအတွက် အားလုံး ကူညီကြပါရန်

မင်္ဂလာပါ

ဒီနေ့ ကျွန်တော်တို့ထံလာရောက်အကူညီတောင်းထားတဲ့ ကိစ္စတစ်ခုကို မလေးရှားရောက်မြန်မာ ညီအကိုမောင်နှမအားလုံးသိနိုင်ရန် ကျွန်တော် ဘလော့ရေးပြီး အကူညီတောင်းပါတယ်ခင်ဗျာ ။
အကြောင်းက ပီနန်း တွင် လာရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား မောင်ဇင်အောင်စိုးဟာ ပြီးခဲ့တဲ့ 5.1.2012 က အလုပ်မှဆိုင်ကယ်စီးပြန်လာစဉ် အရှိန်ပြင်းမောင်နှင်လာသော ကားတစ်စီးမှ စက်ချို့ရွင်းပြီး မောင်ဇင်အောင်စိုးကို ဝင်ရောက်တိုက်မိခဲ့ပါတယ် ။

ထိုသို့အတိုက်ခံရတဲ့ မြန်မာ အလုပ်သမားလေး မောင်ဇင်အောင်စိုးမှာ ထိုနေရာမှာပင် သတိမေ့ ခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးသို့ ချက်ချင်းတင်ဆောင်ခဲ့ရပါတယ်။

ယနေ့ မေလ သို့ရောက်ရှိသည့်တိုင် မောင်ဇင်အောင်စိုးရဲ့ ကျမ်းမာရေးအခြေအနေမှာ အထူးအရေးပေါ်အခြေအနေ ဖြင့် ကုသနေရဆဲဖြစ်ပြီး ဆေးကုသမှု့ အားလုံးဆောင်ရွက်သော အခါ ပြန်လည်မလုပ်ကိုင်နိုင်သော အခြေအနေသို့လုံးဝရောက်ရှိခဲ့ပါတယ် ။ ထို့သို့သာမက နေအိမ်သို့ရောက်ရှိသော်လည်း လုံးဝပြန်လည်မကောင်းမွန်ပဲ ယနေ့ ပီနန်းဆေးရုံသို့ ပြန်လည်ပို့ဆောင်ခဲ့ရပြီး အခက်ခဲပေါင်းများစွာဖြင့်ကြိုးစားကုသရာမှာ ကျွန်တော်တို့ အကူညီများစွာလိုအပ်လျှက်ရှိပါတယ်ခင်ဗျာ ။

သို့ပါသောကြောင့် ဧဒင်ဥယျာဉ်တွင် ရှိနေသော ရန်ပုံငွေမှ ရှိသလောက်ကူညီမည်ဖြစ်သည့်အပြင် မလေးရှားရောက်မြန်မာများအားလုံး ဝေဒနာများစွာ ခံစားနေရသော မောင်ဇင်အောင်စိုးအား ဝိုင်းဝန်းကူညီနိုင်ဖို့ ကျွန်တော် ဒီဘလော့ဖြင့် ဧဒင်အဖွဲ့သားအားလုံးထံ အကူညီတောင်းခံပါတယ်ခင်ဗျာ ။

မောင်ဇင်အောင်စိုး၏ မိသားစု ရှိပါက သိရှိနိုင်ရန် မောင်ဇင်အောင်စိုး၏ပုံ


ကားတိုက်ခံရအပြီး မောင်ဇော်အောင်စိုး


ခွဲစိတ်ကုသမှု့ မလုပ်ခင် မောင်ဇော်အောင်စိုး


ခွဲစိတ်ကုသမှု့ 3 ကြိမ်အပြီး




စတီးချောင်းစိုက်ကာ နေထိုင်ရတော့မည့် ခါးအောက်ပိုင်း



ယခု မောင်ဇင်အောင်စိုးမှာ မည်သို့မှ တောင့်ခံနိုင်သော ငွေအင်အား ၊ ကုသစရိတ်များ ဖြင့် အခက်ခဲများစွာ အံတုရင်ဆိုင်ခဲ့ပေမယ့် မတတ်နိုင်သော အခြေအနေ များကြောင့် အောက်ပိုင်းတော်တော်များများကို ဖြတ်ထုတ်လိုက်ရပါတယ် ။ အောက်ပါပုံများမှာမောင်ဇင်အောင်စိုးရဲ့ နောက်ဆုံး ခွဲစိတ်မှု့အပြီးအခြေအနေဖြစ်ပါတယ်ခင်ဗျာ။

ခြေထောက်မရှိတော့ရှာသော မောင်ဇင်အောင်စိုး


ယခု ဒုတိယအကြိမ် ဝေဒနာများစွာကို ရင်ဆိုင်နေရသော မောင်ဇင်အောင်စိုး၏ နောက်ဆုံးအခြေအနေ


မလေးရှား ရောက်မြန်မာ ညီအကိုမောင်နှမများသာမက နိုင်ငံတစ်ကာက ဒီဘလော့ကိုဖတ်ရှု့နေသော ဧဒင်အဖွဲ့ဝင်များခင်ဗျာ။

ယခု မောင်ဇင်အောင်စိုး မှာ ဆေးရုံသို့ဒုတိယအကြိမ်အဖြစ်တက်ရောက်ကုသနေရပြီး စရိတ်များစွာကြီးမားလှတဲ့ဆေးကုသမှု့အတွက် အကူညီများစွာလိုအပ် လျှက်ရှိနေပါတယ် ။ မောင်ဇင်အောင်စိုးရဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး ဝိုင်းဝန်ကူညီသော်ငြား ဆေးကုသမှု့စရိတ်မှာ မလောက်ငှတော့ပါ ။ သို့ပါသောကြောင့် မလေးရှား ကွာလာလမ်ပူရှိ နှလုံးလှပရိဟိတ လူငယ်များသွေးလှူရှင်အဖွဲ့သို့ ယနေ့ 5.5.2011 မှာ လာရောက်အကူညီတောင်းခံခဲ့ပါတယ် ။

သို့ပါသောကြောင့် နှလုံးလှပရဟိတ အဖွဲ့၏ လက်ရှိရှိနေသာ ရန်ပုံငွေ ၊ ကျွန်တော်တို့ ဧဒင်အဖွဲ့ဝင် JUNE လှူဒါန်းထားသော အလှူငွေ အပါအဝင် ယခု အလှူခံ သည့်ဘလော့မှ ရရှိမည့် ငွေအားလုံးကို လာမည့် 15.5.2012 မှာ ကျွန်တောတို့ ပီနန်းသို့ အရောက် သွားကူညီမည်ဖြစ်ပါတယ် ။ သို့ပါသောကြောင့် မည်သည့် အဖွဲ့စည် ၊ မည်သည့် ပရဟိတ အဖွဲ့မဆို ၊ ထပ်မံပြီး မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး မိမိတို့တတ်နိုင်သလောက် မည်မျှပင်ဖြစ်စေ စုပေါင်းကူညီ နိုင်ရန် ကျွန်တော် ကိုယ်တိုင် မေတ္တာရပ်ခံ ပြီး အကူညီ တောင်းခံပါတယ်ခင်ဗျာ ။

ပီနန်းမှ မြန်မာများသွားရောက်လှူဒါန်းလိုပါက ပီနန်းဆေးရုံကြီး

Hospital Registration Number - 890946

Ward - C-10 , Block-C .

ကေအယ်ရောက် မြန်မာများ စုပေါင်းလှူဒါန်းလိုပါက

နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့

အမှတ် - 118 ၊ Jalan Tun H.S Lee၊ ဘန်ကောက်ဘဏ်ရှေ့တည့်တည့် ( 43 ) ကားမှတ်တိုင်အရှေ့ ၊ကေအယ်။

အောင်မြန်မာ စားသောက်ဆိုင်ဘေး ၊ ပထမထပ် ။

ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလိုပါက

ဆက်သွယ်နိုင်သောဖုန်းနံပတ်

ဥယျာဉ်မှူး KOMYO

ဖုန်း 0124468842 ။

ဘဏ်အကောင့်သို့ ထည့်ဝင်လှူဒါန်းလိုပါက ဆက်သွယ်မေးမြန်းပါရန် ။

နိုင်ငံတစ်ကာမှ အလှူငွေ ထည့်ဝင်လိုသော အလှူရှင်များရှိပါက အောက်တွင်ကော့မက်ရေးထားနိုင်ပြီး ကျွန်တော်တို့ စာဖြင့်ဆက်သွယ်ပေးပါမည် ။

အားလုံး မြန်မာ နိုင်ငံသားတစ်ယောက်၏ ဝေဒနာ အခက်ခဲများကို ကူညီနိုင်မည်ဟု မျှော်လင့်လျှက် ။


Source : ဧဒင်ဥယျာဉ်

0 comments: