စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, May 7, 2012

ဧည့်စာရင်းကြောင့် ဈေးသည် ၃,ဝဝဝ အလုပ်လက်မဲ့ဖြစ်မည်

ပျံကျဈေးများ ဖျက်သိမ်းမည် ဆိုသောကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲသွားပြီ ဖြစ်ကြောင်း ၀မ်းနည်းပက်လက်နှင့် ပြောကြားနေသော ဈေးသားတစ်ဦး။

မန္တလေးမြို့ ၈၄လမ်းနှင့် ၈၅လမ်းကြား ၂၉လမ်းတစ်လျှောက် ရောင်းချလျက် ရှိသော ပျံကျဈေးသည်များကို နေရာဖယ်ရှားပေးရန် တိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သိရသည်။

ဈေးအတွင်း ညပိုင်း ခြင်ဆေးခွေနှင့် ဖယောင်းတိုင် ထွန်းသည့်အတွက် မီးဘေး အန္တရာယ်ရှိခြင်း၊ လမ်းများတွင် ကုန်ပစ္စည်းများ ပိတ်ဆို့ခြင်းနှင့် ဒေသရပ်ကွက်က လက်မခံခြင်းတို့ကြောင့် ဖျက်သိမ်းခိုင်းခြင်း ဖြစ်သည်ဟု အကြောင်းပြထားသည်ဟု ဆိုသည်။ ထိုကြေညာချက်ကြောင့် ယင်းဈေးရှိ ဈေးသူ ဈေးသား သုံးထောင်ကျော် မကျေမနပ်ဖြစ်လျက် ရှိသည်။

နှစ်ပေါင်း ၂၀ ကျော် ရောင်းချလာသည့် အဆိုပါ ဈေးနေရာတွင် ထိုကဲ့သို့ မကြုံတွေ့ခဲ့ဖူးကြောင်း ဈေးသူဈေးသားများက ပြောသည်။ ထို့အတွက်ကြောင့် မည်သူကမှ မဖယ်ရှားပေးချင်ပေ။

အဆိုပါ ကိစ္စမှာ ဈေးသူ ဈေးသားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဧည့်စာရင်းစစ် ငွေတောင်းခံမှု ကိစ္စမှ စတင် ပြဿနာကြီးထွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ည ၁၀ နာရီမှ နံနက် ၇နာရီသာ ဖွင့်ခွင့်ရသော ယင်းဈေးတွင် လာရောက်ရောင်းချသူများကို ညပိုင်း ဧည့်စာရင်း တိုင်ရမည် ဆိုသည့် အကြောင်းပြချက်နှင့် တစ်ဆိုင်ကို ၂၀၀ ကျပ် ကောက်သည်။

ဧည့်စာရင်း မတိုင်သည့် ဆိုင်များကို မှတ်ပုံတင် ပါလျှင် ကျပ်သုံးထောင်၊ မှတ်ပုံတင် မပါလျှင် ကျပ်ငါးထောင် ဒဏ်ရိုက်ကြောင်း ဈေးသူဈေးသားတစ်ဦးက ပြောသည်။

ထိုကိစ္စကို အဆင့်ဆင့် တိုင်ကြားရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ရာထူးမှ အနား ခံလိုက်ရသည်။

ထိုဖြစ်ရပ်ကိုကို မကျေနပ်ခြင်းကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှုး ပူးပေါင်းပြီး ဈေးသူဈေးသားများကို နေရာ ဖယ်ရှားခြင်းဖြစ်နိုင်ကြောင်း ယင်းဈေးတွင် လာရောက်ရောင်းချသူ ဈေးသား တစ်ဦးက ပြောသည်။

ထိုဈေးမှာ မန္တလေးနှင့် နီးစပ်သည့် ကျောက်ဆည်၊ မတ္တရာ၊ ငါးဇွန် အစရှိသည့် မန္တလေးနှင့် နီးစပ်သော ဒေသထွက်ကုန်များကို လာရောက် ဖောက်သည်ပေး ရောင်းချသော ဈေးသည်များ အများဆုံး ပါဝင်လျက် ရှိသည်။

ယင်းဈေးသည်များမှာ ထိုနေရာတွင် ရောင်းချခွင့် မရှိတော့ပါက လူပေါင်း သုံးထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြီး အခြေခံ မိသားစု သုံးထောင်ကျော် စားဝတ်နေရေး ကြပ်တည်းသွားမည် ဖြစ်ကြောင်း သိရသည်။

 မန်းသားလေး ရေးသားသည်)

ဧရာဝတီ 
 

0 comments: