စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 9, 2012

ဝန်ထမ်းများ မလွဲရှောင်သာ၍ လာဘ်ပေးလာဘ်ယူ ပြုကြသည် ထင်ကြောင်း ဒေါ်စုပြော


မြန်မာနိုင်ငံရှိ ဝန်ထမ်းအများစုမှာ မလွဲမရှောင်သာသည့်အတွက် လာဘ်ပေးလာဘ်ယူ လုပ်နေရသည်ဟု မိမိအနေဖြင့် ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မေလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်က ရန်ကုန် တိုင်းဒေသကြီး ၊ လမ်းမတော် မြို့နယ်၊ အနော်ရထာလမ်း၊ ၁၅ လမ်းထိပ် အနီး တွင် ပြုလုပ်သော NLD (လမ်းမတော်ရုံး) ဖွင့်ပွဲတွင် သူမက ပြောကြားခဲ့သည်။

"ကျွန်မတို့ နိုင်ငံဟာ လာဘ်ပေးလာဘ်ယူ ဆိုးတဲ့ နိုင်ငံဖြစ်ပေမယ့် လာဘ်ပေးလာဘ်ယူမှုကို မကြိုက်ကြဘူး ဒါဟာ ကောင်းတဲ့ အချက် ဖြစ်တယ်။ ကျွန်မတို့ ပြည်သူတွေက သန့်သန့်ရှင်းရှင်းနဲ့ နေချင်တယ်။ မလွဲမရှောင်သာတဲ့ အတွက် လာဘ်ပေးလာဘ်ယူ လုပ်နေကြရတာ ဖြစ်တယ်လို့ ကျွန်မမြင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းနှင့် ပြည်သူများ ဘဝကို နှစ်ဖက် မျှမျှတတ ကြည့်သင့်ကြောင်း၊ မြန်မာနိုင်ငံသည် ၁၀ စုနှစ်ကြာ လာဘ်ပေးလာဘ်ယူမှုများ စိုးမိုးနေသည့် နိုင်ငံဖြစ်သော်လည်း မည်သူမျှ လာဘ်ပေးလာဘ်ယူမှုများကို မနှစ်သက်ကြောင်း ဆက် လက် ပြောကြားခဲ့သည်။

အဆိုပါ ရုံးဖွင့်မည့်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း ခဲ့သော်လည်း အခမ်းအနားကို တက်ရောက်လာကြသည့် ပြည်သူများ က ပြန်မသွားကြဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် လမ်းမတော်မြို့နယ် အောင်နိုင်ရေး တာဝန်ခံတို့၏ မိန့်ခွန်းများကို ပြီး ဆုံးအောင် နားဆင်ခဲ့ကြကြောင်း သိရသည်။

“မိုးက အရမ်းသည်းတာ၊ ကျွန်တော်တို့က အားလုံး ပြန်သွားကြမယ် ထင်နေတာ၊ ကောင်းကင်မှာ မည်းညို့ပြီး မိုးသားတွေ တက် လာတာကို မိုးရွာတော့မယ် ဆိုတာ သိသိနဲ့ ဒေါ်စု မလာမချင်း မပြန်ကြဘူး၊ ဒေါ်စုကလည်း သူ့ကို မိုးထဲလေထဲမှာ အားပေးတဲ့ သူတွေကို စကားပြောမလို့၊ မီးက ပျက်နေတော့ ပြောလို့မရ၊ ဒါကြောင့် white board မှာ စာရေးတယ်၊ သူ့ကို အခုလို အားပေး တာ ကျေးဇူးတင်ကြောင်း၊ မိုးမိနေလို့ အအေးမိတယ် ဆိုတာတွေပါတယ်” ဟု ယင်းအခမ်းအနားကို တက်ရောက် သတင်းယူခဲ့ သည့် ပြည်တွင်း သတင်းထောက် တစ်ဦးက ပြောပြသည်။

ယင်းအခမ်းအနားတွင် ပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

---

Photos by ပြည်ချစ်မေ (ရွှေလုံး)

0 comments: