စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 9, 2012

သြဇီရောက် NLD အမတ်များ မြန်မာသံအမတ်နှင့် တွေ့ဆုံ


NLD အမတ်များ

သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် NLD လွှတ်တော်အမတ်များ (Credit: ABC)
သြစတြေးလျင်ငံမှာ ​နိုင်ငံရေးသင်တန်းတက်ဖို့ရောက်နေကြတဲ့ ​NLD ​အမတ်တွေ ​ဟာ ​ဆစ်ဒနီတက္ကသိုလ်မှာ ​တပါတ်ကြာသင်တန်း ​တက်ရောက် ​အပြီး ​ကင်ဘာရာမြို့တော်ကို ​ရောက်ရှိနေကြရာမှာ ​ကင်ဘာရာမြို့တော်အခြေစိုက် ​မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးပေါ်လွင်စိန်က ​လှိုက်လှိုက်လှဲလှဲ ​ကြိုဆိုခဲ့တဲ့အကြောင်းသိရပါတယ်။

NLDလွှတ်တော်အမတ်များဖြစ်ကြတဲ့ ​ဦးဖြိုးမင်းသိန်း၊ဒေါ်စန္ဒာမင်းနဲ့ ​ဦးဖြိုးဇေယာသော် ​တို့ဟာ ​သြစတြေးလျလွှတ်တော်ကိုလဲသွားရောက်လေ့လာခွင့် ​ရ ​ကြပြီး၊ ​သြစတြေးလျဝန်ကြီးချုပ် ​Julia ​Gillard ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​အပါအဝင် ​သြစတြေးလျနိုင်ငံက ​ဝန်ကြီးတွေ ​အတော်များများနဲ့ ​တွေ့ဆုံခွင့် ​ရခဲ့ ​တဲ့အကြောင်း ​ကင်ဘာရာမြို့တော်ကိုသွားရောက်သတင်းယူနေတဲ့ ​ရေဒီယိုသြစတြေးလျ ​မြန်မာပိုင်းက ​သတင်းထုတ်လုပ်ရေးမှူး ​မူလှိုင်းသိမ့် ​က ​ကင်ဘာရာမြို့ကနေ ​သတင်းပေး ​ပို့ ​ခဲ့ပါတယ်။

ဟစ်ဟော့ပ်အဆိုတော်ကနေ ​နိုင်ငံရေးဘဝကိုပြောင်းလဲဝင်ရောက်ခဲ့တဲ့ ​NLD ​အမတ် ​ဦးဖြိုးဇေယျာသော်ကလည်း ​သြစတြေးလျနိုင်ငံမှာ ​ယခင်က ​Midnight ​Oil ​ဆိုတဲ့ ​နာမည်ကြီးဂီတအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ​အခုအခါမှာ ​လေဘာပါတီလွှတ်တော်အမတ် ​နဲ့ ​အခြေခံပညာရေးဝန်ကြီးဖြစ်လာတဲ့ ​Peter ​Garrett ​နဲ့လည်း ​တွေ့ဆုံခွင့် ​ရခဲ့ပါတယ်။

Radio Australia - Myanmar

0 comments: