အလုံမြို့နယ်၊ အလုံလမ်းရှိ Pioneer Music Lounge တွင် မေလ ၁၆ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုမှာ ဂဟေဆော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေ လ ၁၆ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ရာ နံနက် ၁၀နာရီ ၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။
Pioneer Music Lounge မှ တာဝန်ရှိသူတစ်ဦးက “အတွင်းပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်နေတုန်း ဂဟေဆော်ရာက တစ်ဆင့် မီးပွားတွေကျပြီး မီးလောင်ခဲ့တာပါ။ အတွင်းပိုင်း နံရံမှာကပ်ထားတဲ့ ဖော့တွေမီး လောင်သွားတာပါ။ လူထိခိုက်တာ တွေမရှိပါဘူး”ဟုပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် Pioneer Music Lounge ကို ပြင်ဆင်မှုများပြုလုပ်ရန် ယာယီပိတ်ထားသည့် အချိန်ဖြစ်ကြောင်း သိရှိရသည်။
Eleven Media Group
0 comments:
Post a Comment