စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, June 20, 2012

မန္တလေးက ဆန္ဒပြအလုပ်သမားတွေ ပြေလည်မှုရရှိ





မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးလမ်း။ စက်မှုဇုံ(၁) ရှိ ဖောင်းဆိုင် အထွေထွေရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်ပိုင် နေတံဆိပ် ဓာတ်ခဲစက်ရုံ က အလုပ်သမား (၁၄၀)ကျော်ဟာ ဒီကနေ့မနက်ပိုင်းကအခြေခံလုပ်ခလစာတိုးပေးဖို့အပါအ၀င် အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြခဲ့ကြရာမှာ အလုပ်ရှင်က လိုက်လျောပေး လိုက်တယ်လို့ သိရပါတယ်။

မြို့နယ် အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ အပါအ၀င် ဒေသတွင်း တာဝန်ရှိတဲ့သူတွေ စက်ရုံကိုရောက်လာပြီး စက်ရုံမန်နေဂျာ ဦးကျော်ဝင်းနဲ့ ဆန္ဒပြအလုပ်သမားတွေအကြား ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စက်ရုံတာဝန်ရှိသူတွေဘက်က လိုက်လျောခဲ့တာနဲ့ပတ်သက်လို့ ဆန္ဒပြအလုပ်သမားတွေနဲ့ နီးစပ်တဲ့ဒေသခံက အခုလိုပြောပါတယ်။

"အရာရှိတွေအားလုံးနဲ့ မန်နေဂျာဦးကျော်ဝင်းရယ် ဦးဆောင်တဲ့ အလုပ်သမားတွေရယ် သုံးဦးသုံးဖလှယ်ဆွေးနွေးလိုက်တော့ (၂)နာရီခွဲမှာ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကိုသူတို့လိုက်လျေားပေးလိုက်ပါတယ်။ အခု အလုပ် သမားတွေနဲ့အားလုံးစာချုပ်လည်း ချုပ်ဆိုပြီးပါပြီ/ တယောက်ကို မူလရတဲ့လစာအပြင် နှစ်သောင်းခြောက်ထောင့်နဲ့ခုနှစ်ရာ ထပ်ပြီးတော့တိုးပေးပါတယ်။ ကျန်တဲ့ ခံစားခွင့် တွေကိုလည်းပေးမယ်လို့ သူတို့ဖက်က ကတိပေးပါတယ်။ ပြီးတော့ အခု ဆန္ဒထုတ်ဖော်တဲ့ ဦးဆောင်တဲ့သူတွေအပါအ၀င်ဒီအလုပ်ရုံမှာရှိတဲ့ဝန်ထမ်းတွေအားလုံးကိုလည်း ဘယ်လိုအကြောင်းပြချက်နဲ့မှ မထုတ်ပယ်ပါဘူးဆိုပြီးတော့ စာချုပ်မှာ ချုပ်ဆိုထားပါတယ်။"

အလုပ်သမားတွေ အခုဆန္ဒပြတဲ့ နေတံဆိပ်ဓါတ်ခဲစက်ရုံဟာ အလုပ်သမားအသစ်ဆိုရင် တလကို သုံးသောင်းကျပ်ပေးဆောင်တာဖြစ်ပြီး အများဆုံးလုပ်သက်ရင့် ၀န်ထမ်းအလုပ် သမားအချို့သာ တလကို (၄၅၀၀၀)လေးသောင်းငါးထောင်ရရှိတာ လို့သိရပါတယ်။

ဒါ့ပြင်စက်ရုံတွင်းကျန်းမာရေးကာကွယ်စောင့်ရှောက်မှုညံ့ဖျင်းပြီး သောက်သုံးရေမသန့်ရှင်းတဲ့အတွက်
အလုပ်သမားတွေက သောက်ရေသန့်ထားပေးရန် ။ အခြေခံလစာကို အရင်လစာအပြင် (၃၅၀၀၀) သုံးသောင်းငါးထောင်ကျပ်ထပ်တိုးပေးရန်၊ လစဉ် ရက်မှန်ကြေး တစ်သောင်းခွဲ တိုးပေးရန်စတဲ့အချက်တွေအပါအ၀င် အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

RFA Burmese
 

0 comments: