အင်တာနက်အသုံးပြုနိုင်သော မိုဘိုင်းဖုန်းများတွင် E-mail ၂၄ နာရီဖွင့်ထားသော်လည်း ငွေ ၂၀၀ ကျပ်သာကုန်ကျမည့် mobile email service အသစ်ကိုစတင်လိုက်ပြီဖြစ်ကြောင်း ၁၅-၆-၂၀၁၂ ရက်တွင် Blue Ocean Operation Management Co.,Ltd. မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါစနစ်ကို ဇွန်လ ဒုတိယပတ်တွင် စတင်ခဲ့ပြီး စတင်ချိန်မှစ၍ နှစ်ပတ်အတွင်း အခမဲ့အ သုံးပြုမည်ဖြစ်ကြောင်း သိရသည်။
“ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ Mobile email service ကို SMS်တစ်စောင်တော့ ပထမဆုံးပို့ပေးပြီး register လုပ်ရမယ်။ ဒီစနစ်က မိုဘိုင်းဖုန်းပေါ်ကနေ အီးမေးလ်ကိုလက်ခံနိုင်သလို၊ ကိုယ့်ဖုန်းကနေ တစ်ဆင့် အီးမေးလ်ပြန်ပို့နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သုံးတဲ့ဖုန်းတွေကတော့ အင်တာနက် သုံးတဲ့ဖုန်းဖြစ်ဖို့လိုပါတယ်။ အခုလက်ရှိအင်တာနက်သုံးရင် 3G က လေးကျပ်၊ EDGE ကနှစ်ကျပ်ဆိုပြီး ကောက် တယ်။ ဒီတော့ အီးမေးလ်တစ်ခုက အမြဲဖွင့်ထားရင် ကုန်ကျစရိတ်ကများတယ်။ ဒီတော့ ကျွန်တော်တို့က ဒီစနစ်ကို အင်တာနက်ဖိုး သက်သာအောင်လုပ်လိုက်တာပါ။ ဒီစနစ်က အီးမေးလ်ဘယ်နှစ်စောင်ပဲဝင်ဝင် ၂၀၀ ကျပ်ပဲကောက်သွားမှာပါ။ ကျွန်တော်တို့ဆီမှာက အီးမေးလ်ကို မိနစ်နဲ့သုံးရမှာဆိုတော့ မေးလ်ကိုဆွဲနေရတာနဲ့ မိနစ်ကကုန်သွားတယ်ဆိုတော့ ပိုက်ဆံပိုကုန်သွားတယ်။ ကျွန်တော်တို့ကကျတော့ မိနစ်နဲ့ သွားတာမဟုတ်ဘူး ရက်နဲ့သွားမှာပါ။ ဒီစနစ်က အီးမေးလ်တစ်ခုကိုပဲ သုံးလို့ရမှာပါ။ တခြား application တွေဖြစ်တဲ့ google ရှာနေ တာတို့၊ facebook သုံးနေတာတို့ရှိရင်တော့ အင်တာနက်ခကိုပေးရမှာပါ။ တကယ်လို့ ကိုယ်က အီးမေးလ်ဖွင့်မ ထားဘူး ဒီအချိန်မှာ အီးမေးလ်ရောက်နေမယ်ဆိုရင် ကျွန်တော်တို့က SMS နဲ့ elert လုပ်ပေးသွားမှာပါ။ အီးမေးလ်တွေအတွက်လည်း လုံခြုံမှုကို ဘာမှမထိခိုက်ပါဘူး။ ကျွန်တော်တို့ကို လျှို့ဝှက်နံပါတ်ကိုလည်း ပေးစ ရာမလိုပါဘူး” ဟု ယင်းကပြောကြားသည်။
အဆိုပါစနစ်သည် mail client မှာသွားသောစနစ်ဖြစ်ပြီး ဖုန်းထဲတွင်ရှိသည့် application များထဲတွင် mail client ကိုသာဖွင့်ထားရမည်ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်ကို အသုံးပြုလျှင် တစ်လ၌ အီးမေးလ်အတွက် အင်တာနက်အသုံးပြုခ ၆၀၀၀ ကျပ်သာကုန်ကျမည်ဖြစ်ကြောင်းသိရသည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment