
ယမန်နေ့က ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားရာ ကူတောင်နှင့် အနောက်ပြင် ကျေးရွာများတွင် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားသော်လည်း ပျောက်ဆုံး အလောင်းများကို ယနေ့ နံနက်ထိ ရှာဖွေ မတွေ့သေးကြောင်း သိရသည်။
“ စစ်တပ်က အနောက်ပြင် ရွာမှာ ရှိတယ်။ တနေ့နဲ့ တည ရှိသွားပြီ။ ပျောက်ဆုံး အလောင်းတွေကို သူတို့က အပူတပြင်း ရှာဖွေတာမျိုးတော့ မရှိဘူး။ အလောင်းတွေကို မေးရုံသာ မေးတယ်လို့ ကြားတယ်။ အကြမ်းဖက် ဆူပူမူ လုပ်တဲ့ သူတွေကိုလည်း ဖမ်းတာ ဆီးတာ မရှိဘူး” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ပြောသည်။
သေဆုံးသူများထဲမှ ဥဂ္ဂါရွာမှ ကျောင်းဆရာ အလောင်း တစ်လောင်းကိုသာ တွေ့ရှိသေးပြီး အဆိုပါ အလောင်းကို အနောက်ပြင်ကျေးရွာ နောက်ဘက်ချောင်းစပ်မှ ရှာဖွေတွေ့ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။ ကူတောင်ကျေးရွာနှင့် ဥဂ္ဂါရွာတွင်လည်း စစ်တပ်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားထားတာက ရခိုင် ၁၀ ဦးသေတယ်။ တစ်လောင်းဘဲ ရတယ်။ နောက်ထပ် ၉ လောင်းပျောက်နေတယ်လို့ ပြောထားတယ်။ ဒါပေမယ့် အခုအချိန်ထိ အလောင်းတွေကို ပြန်မရသေးဘူး” ဟု ယနေ့ နံနက် က ဖုံးဆက် မေးမြန်းစဉ် ရတပ ပါတီ မြို့နယ် ဥက္ကဌ ဦးမောင်လှမြင့်က ပြောသည်။
အကြမ်းဖက် ဆူပူသူများကို မေးမြန်း စစ်ဆေးပြီး ဖမ်းဆီး အရေးယူခြင်းလည်း မရှိသေးသဖြင့် ဒေသခံ လူထု အကြား မကျေနပ်မူများတိုးပွားနေကြောင်း သိရသည်။
ပျောက်ဆုံးနေသူများ အထဲတွင် သန္တာအောင် သားဖ၊ ထွန်းဘော်သားအဖ၊ စောသန်း၊ ပြူးချေ၊ တင်ထွန်း၊ သန်းချေ၊ ဦးတင်လိုင် တို့ပါဝင်ကြောင်း ကူတောင် ကျေးရွာသား တစ်ဦးက ပြောသည်။
Narinjara News Burmese
Welcome to SeekaHost
10 months ago










0 comments:
Post a Comment