
The Voice Weekly ဂျာနယ်နှင့် သတ္တုတွင်းဝန်ကြီးဌာန တို့ ရင်ဆိုင်နေ ရသည့် အမှုအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ရန် လျှောက်ထားမှုကို ယနေ့ ဇွန်လ ၂၀ ရက် တရားရုံးချိန်းတွင် ဒဂုံမြို့နယ်တရားရုံးမှ ပယ်ချလိုက်သည်။
““ အမှုကို ဥပဒေအတိုင်းပဲ ဆက်သွားမှာပါ။ တရားဥပဒေစိုးမိုးရေး တကယ်ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။”” ဟု The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကပြောသည်။
အဆိုပါကိစ္စရပ် အပေါ် The Voice Weekly ဂျာနယ်ဘက်မှ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင် ရွက်ပေးနေသူ ရှေ့နေ ဦးသိန်းညွှန့်က လည်း ““ဥပဒေကပေးထား တဲ့အခွင့်အရေးကို အစွမ်းကုန် နိုက်ပြီးတော့လုပ်ရမှာပဲ။အမှုနဲ့ပတ်သက်ပြီး ခရိုင်၊ တိုင်း အဆင့်ဆင့် ဆောင်ရွက်သွားမှာပါ”” ဟုဆိုသည်။
ယနေ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ရန် လျှောက်ထားမှုအား ပယ်ချလိုက်သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားလိုရှေ့နေနှင့် တရားလို ဦးဇော်ဇော်အားမေးမြန်းရာ မိမိတို့အနေဖြင့် တရားဥပဒေ အတိုင်းသာဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့် မှတ်ချက်မှ ပြော စရာမရှိကြောင်း နှစ်ဦးစလုံးကဆိုသည်။အမှုအား ဇွန်လ ၂၈ ရက်တွင် ဆက်လက်ကြားနာ စစ်ဆေးသွားမည်ဖြစ်သည်။
Welcome to SeekaHost
10 months ago










0 comments:
Post a Comment