စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 3, 2012

ဒီချုပ်မှ ၄၃ နေရာ၊ ကျားဖြူ ၁ နေရာနှင့် ပြည်ခိုင်ဖြိုးက ၁ နေရာစီအနိုင်ရ



ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကြေညာပေးရန် ကျန်ရှိသော မဲဆန္ဒနယ် ၅ ခုအတွက် အနိုင်ရပါတီနှင့်
လွှတ်တော်ကိုယ်စားလှယ်များကို ယနေ့ညနေ ၆း၀၀ နာရီနိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ကြေညာခဲ့ရာ သုံးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိပြီး၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က တစ်နေရာစီ အနိုင်ရရှိသည်။ လက်ကျန်မဲဆန္ဒနယ် ၅ ခုအတွက် ရလဒ်များကြေညာရာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဒီချုပ်မှ ဒေါ်ခင်မွှေးလွင်၊ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို
ဒီချုပ်မှ ဒေါ်တင်တင်ရီ နှင့် စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဒီချုပ်မှ ဒေါက်တာမြင့်နိုင်တို့က အနိုင်ရရှိသည်။ ထို့ကြောင့်
ဒီချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အမှတ်(၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်းက အနိုင်ရရှိပြီး၊ ဒီချုပ်မှ ကိုယ်စားလှယ် အပယ်ခံရ၍ ဒီချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၇) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်မြက အနိုင်ရရှိခဲ့သည်။

0 comments: