စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 18, 2012

အမေရိကန် နှင့် မြန်မာ ကဏ္ဍ တစ်ချို့  အတွက် ငွေကြေးလွှဲပြောင်း နိုင်တော့မည်


လူသားချင်း စာနာ ထောက်ထားမှု ၊ ဘာသာရေး နှင့် အကျိုးအမြတ် မယူသော လုပ်ငန်းများ အတွက်
အမေရိကန်မှ မြန်မာ ကို တိုက်ရိုက် ငွှေလွှဲပြောင်း နိုင်တော့ မည်ဖြစ်သည်။ အင်္ဂါ နေ့ က အမေရိကန်
ဘဏ္ဍာရေး ၀န်ကြီး ဌာန နိုင်ငံခြား ရင်းနှီးမြုပ် နှံ မှု ဌာန မှ ညွှန်ကြားရေးမှု ဖြစ်သူ Adam J. Szubin
က အမေရိကန် က မြန်မာ နိုင်ငံ အပေါ် ဒဏ်ခတ် ထားမှု များ မှ အချို့  အချက် များ ကို ဖယ်ရှား လိုက်
သည် ဟု ပြောဆိုခဲ့ သည်။

အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး ဌာန ၏ ငွေကြေးလွှဲပြောင်း မှု အား ပိတ်ပင်ထား သည့် ဖယ်ရှား ချက်
အချို့ ကြောင့် ပညာရေး ၊ အားကစား ၊ ဘာသာရေး ၊ ဒီမိုကရေစီ ရေး တည်ဆောက်သည့် လှုပ်ရှားမှု
များ ဖြစ်သည့် အကျိုး အမြတ် မယူ သော လုပ်ငန်းများ အတွက် ပါ တရား ၀င် ငွေကြေး လွှဲပြောင်း
နိုင် ပြီ ဖြစ်သည်။

အမေရိကန် အစိုးရ က ဖယ်ရှား ပေးလိုက်သည့် ငွေကြေး လွှဲပြောင်းမှု ကန့် သတ် ချက် ကြောင့် မြန်မာနိုင်
ငံ ပြည်သူများ ၏ အခြေခံ လိုအပ် ချက် ၊ သဘာဝ ဘေး အန္တရာယ် ကယ်တင်ရေး ၊ ရေသန့်  ရှင်းရေး နှင့်
မိလ္လာ ရေဆိုးစနစ် စသည့် တို့  ကို ပိုမို ထိရောက် စွာ လုပ်ဆောင် နိုင်ပြီ ဖြစ်သည်။

မြန်မာ နိုင်ငံ တွင်း ရှိ အစိုးရ မဟုတ်သော အမေရိကန် အဖွဲ့  အစည်းများ ၊ ဘာသာရေး နှင့် ကူညီထောက်ပံ့
ရေး အဖွဲ့  အစည်းများ သည် ယနေ့  မှ စ၍ ငွေကြေး လွှဲပြောင်း နိုင် ပြီ ဖြစ်သည်။

အမေရိကန် ၏ နိုင်ငံ တကာ အကူအညီ ပေး ရေး အစီအစဉ် တစ်ခု ဖြစ်သည့် US AID သည် မြန်မာ
နိုင်ငံ တွင် ၀င်ရောက် လုပ်ကိုင် ရန် စတင် နေ ပြီ ဖြစ်သည်။

ပြီးခဲ့ သည့် သီတင်း ပတ်က သြစတေးလျှ နိုင်ငံ သည် မြန်မာ နိုင်ငံ အပေါ် ဒဏ်ခတ် အရေးယူမှု တစ်ချို့ 
ကို ဖယ်ရှား ခဲ့ ပြီး ၊ ဥရောပ တိုက် နော်ဝေ နိုင်ငံ ကမူ ဒဏ်ခတ် ပိတ် ဆို့ ထားမှု အားလုံး ကို ဦးဆုံးဖယ်ရှား
ခဲ့ သည်။

Related articles

Freedom News Group

    0 comments: