စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 3, 2012

မသိ..နားမလည်လို့မေးပါရစေ... သိတဲ့လူတွေ ကျေးဇူးပြုပြီးဖြေပေးပါ...

ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဖြစ်သွားတဲ့ ကာချုပ်

ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မဟုတ်တော့ဘူး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သွားပါပြီ။
သူ့ဟာသူ ဒီရာထူး ဖန်တီးယူတာလား၊ သူ့ကို ဒီရာထူး တယောက်ယောက်က ပေးလိုက်တာလား ဆိုတာ သေသေချာချာ မသိရသေးပါ။

ဒီကနေ့ထုတ် အစိုးရအာဘော်သတင်းစာထဲက သတင်းတွေထဲမှာ သူ့ကို ရာထူးအသစ်နဲ့ တွေ့ရတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ နေပြည်တော်စစ်ရေးပြချီတက်ပွဲသတင်းမှာ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင်လို့ ဖော်ပြခဲ့ပါသေးတယ်။

ဒီနေ့ သတင်းစာ အပိုင်းအစ တခု။
အကောင်ကြီးကြီးတွေရဲ့ ရာထူးအပြောင်းအလဲ ဘွဲ့အပြောင်းအလဲကို သတင်းစာဖတ်မှပဲ သိရပါတယ်။ ဒါကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများက ပျင်းစရာ သတင်းစာကို နေ့စဉ် ကြည့်ရှုကြတာ ဖြစ်ပါလိမ့်မယ်။


မသိ..နားမလည်လို့မေးပါရစေ...
သိတဲ့လူတွေ ကျေးဇူးပြုပြီးဖြေပေးပါ...

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကနေ
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်သွားတာ..

(၁) ဒီလို..ရာထူးတိုးတာ..ဦးသိန်းစိန်တိုးပေးတာလား..
(၂) လွှတ်တော်နဲ့ ဘာမှ မဆိုင်ဘူးလား..
(၃) သူများ ဒီမိုကရေစီ အစိုးရတွေလဲ စစ်ဘက်ဆို ဒီလိုဘဲလား...
(၄) ဘာဖြစ်လို့ တရားဝင်..အမိန့်ကြော်ငြာစာ မထုတ်တာလဲ..
ပြည်သူကို အသိပေးစရာမလို...
ဟို..အရင်ခေတ်ကလို ကိုယ့်ဘာသာကိုယ်..ပေးချင်သလိုပေးလား..
(၅) ဦးသိန်းစိန်တုံးကလဲ အဂ္ဂမဟာ အစချီတဲ့ ဘွဲ့ကြီးက ဘယ်သူပေးတာလဲ...

0 comments: