စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 18, 2012

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားမှာ မဟုတ်ဘဲ အခြေအနေပေါ်မူတည်ပြီး ဆိုင်းငံ့ထားမှာသာ ဖြစ်ကြောင်း ထုတ်ပြန်တဲ့ ကြေညာ




မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားမှာ မဟုတ်ဘဲ အခြေအနေပေါ်မူတည်ပြီး ဆိုင်းငံ့ထားမှာသာ ဖြစ်ကြောင်း လွှတ်တော်အမတ်များ ဖြစ်ကြတဲ့ အမေရိကန် ဆီးနိတ်လွှတ်တော် ရီပါပလီကင် ခေါင်းဆောင် Mr. Mitch McConnell နဲ့ လွှတ်တော်အမတ်John McCain တို့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့ - ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးမထားသူ၊ ချိုးဖောက်နေသူတွေ၊
နိုင်ငံရဲ့ ဘဏ္ဍာကို ခိုးဖွက်ယူငင်နေသူတွေကို ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုမျိုးကို ဆက်လက်ထားရှိဖို့နဲ့ စာရင်းသစ်ပြန်လည်ပြုစုဖို့- ဆိုတဲ့ အပေါ် အပြည့်အ၀ ထောက်ခံပါကြောင်း ဖော်ပြထားပါတယ်။

သမ္မတ အိုဘားမားအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတချို့ ရုပ်သိမ်းလိုက်ဖို့ ဆုံးဖြတ်ချက်နဲ့ Mr. Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်မှုကို ကြိုဆိုပါကြောင်း ရေးသားထားပါတယ်။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲ တိုးတက်မှုအပေါ် မူတည်ပြီး ပိတ်ဆို့ အရေးယူမှု လျှော့ပေါ့တာ၊ ရုပ်သိမ်းတာတွေ ဖြစ်လာမှာ ဖြစ်ကြောင်း၊
မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုရပ်တန့်သွားအောင် ဆက်လက် ဖိအားပေးမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားများ
အကြွင်းမဲ့လွတ်မြောက်ရေး၊ ကချင်ဒေသနဲ့ ကျန် တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားတွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေရပ်တန့်ရေးအတွက် မိမိတို့က ဆက်ပြီး ဖိအားပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ စသဖြင့် ဖော်ပြပါရှိပါတယ်။

မိမိတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသော ဒီမိုကရက်တစ်
ခေါင်းဆောင်တွေနဲ့ ဆက်လက် တိုင်ပင် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်နိုင်ငံက အဆင့်တိုင်းမှာ တာဝန်သိသိနဲ့ ပန့်ပိုးပေးသွားနိုင်ဖို့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း
ဖော်ပြထားပါတယ်။

RFA Burmese
 

0 comments: