စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ကျန်းမာရေး အထူးစိုးရိမ်ရန် မရှိ





မဟာဗောဓိမြိုင် ဆရာတော်ကြီး (ဝနဝါသီ ဥေယျဓမ္မ သာမိထေရ်)၏ ကျန်းမာရေး အနည်းငယ် ချို့တဲ့လျက်ရှိရာ လက်ရှိတွင် အဖျားကျ သွားပြီ ဖြစ်သော်လည်း အားဖြည့်ရန် လိုအပ်နေသေးကြောင်း ကပ္ပိယကြီး ဒေါက်တာ အိုကေက ပြောသည်။

သက်တော် ၇၁ နှစ်ရှိပြီ ဖြစ်သော ဆရာတော်ကြီးတွင် အစာ အိမ်ရောဂါ၊ ညာခြေထောက် အနာနှင့် အလှူရှင်တို့၏ ပါရမီကို ဖြည့်ရန် အလို့ငှာ ရွာတွင်းသို့ အသွားအပြန် ၆ မိုင်ခန့်အား ခြေကျင် ဆွမ်းခံ ကြွခြင်းတို့ကြောင့် ပင်ပန်းမှုဒဏ်နှင့် ဖျားခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ မေလ ၁၉ ရက်နေ့မှ စတင်ကာ ဆွမ်းခံမကြွနိုင် တော့ဘဲ ထောင်နှင့်ချီသည့် ဒကာ၊ ဒကာမ များ၏ ဖူးမြော်မှု ခံယူရန် လည်း ကပ္ပိယများက ခွင့်ပြုနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ဆရာတော် ဘုရားကြီး ပြန်လည် ကျန်းမာလာပါက ယခင်အတိုင်း ဆွမ်းခံကြွမည် ဖြစ်ခြင်းကြောင့် ရွာတွင်းသို့ အဆင်ပြေစွာ ရောက်ရှိအောင် ဒေသခံများက လမ်းများကို လုပ်အားပေး ဖောက်လုပ်ပေးနေကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးသည် ယခုအခါ မိုးမိတ်မြို့ ညောင်နီ ရွာမှ သုံးမိုင် အကွာတွင်ရှိသော မပဒါန်းဂူ တွင် သီတင်းသုံးလျက် ရှိသည်မှာ တစ်လကျော်ရှိပြီ ဖြစ်သည်။

By Popular Journal

0 comments: