စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 18, 2012

မြန်မာ နိုင်ငံ တွင် ရင်းနှီးမြုပ်နှံမှု ပိတ်ဆို့ ထားခြင်း ကို အမေရိကန် ရုပ်သိမ်း


မြန်မာ နိုင်ငံ တွင် နိုင်ငံရေး အရ ပြုပြင်ပြောင်း လဲမှု များ ကို အသိအမှတ် ပြု အားပေး သည့်
အနေဖြင့် အမေရိကန် အစိုးရ က မြန်မာ နိုင်ငံ အပေါ် အရေးယူပိတ် ဆို့ ထား မှု များ အနက်
ရင်းနှီးမြုပ် နှံ မှု ဆိုင်ရာ ထဲ မှ ကဏ္ဍ အချို့  ကို ဖယ်ရှား လိုက် ပြီ ဟု ယနေ့  ကြေငြာ ခဲ့ သည်။

သတ္တု နှင့် တွင်းထွက် ပစ္စည်း ရှာ ဖွေရေး ၊ စွမ်းအင် နှင့် ဘဏ်လုပ်ငန်း ကိစ္စများ တွင် ရင်းနှီးမြုပ်
နှံ ခွင့် ပြူ လိုက် ပြီ ဟု အမေရိကန် အစိုးရ နိုင်ငံခြား ရေး ၀န်ကြီးဌာန မှ သတင်း ထုတ် ပြန် ခဲ့ သည်။

‘ အမေရိကန် စီးပွားေ၇း လုပ်ငန်း တွေ ကို ဒီနေ့ မှာ ပြောချင်တာက မြန်မာ နိုင်ငံ မှာ တာဝန်ယူတတ်
မှု နဲ့  အတူ ရင်းနှီးမြုပ်နှံ လို့  ရပြီ ဆိုတာ ပါပဲ ” ဟု အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်
တန် က ပြောသည်။

မြန်မာ နိုင်ငံ အပေါ် အရေးယူပိတ် ဆို့ ထား မှု များ ဖယ်ရှား မှု ကို နိုင်ငံ ခြား ရေး ၀န်ကြီးဌာန ဉ် သတင်း
ထောက် များ ကို ပြောကြား ရာ တွင် အမေရိကန် သို့  ရောက်ရှိ နေသည့် ၀န်ကြီး ၀ဏ္ဏမောင်လွင်
လည်း အတူရှိ နေခဲ့ သည်။

ပြီး ခဲ့ သည့် လက မြန်မာ နိုင်ငံ ကို အမေရိကန် နိုင်ငံ မှ တရားဝင် ငွေကြေး လွှဲ ပြောင်း နိုင်ကြောင်း
ကြေငြာ ခဲ့ ပြီး ၊ ပြီးခဲ့ သည့် ဇန်န၀ါရီ လ မှ စ၍ အစိုးရ အရာ ရှိ များ ခရီး သွား လာခွင့် စသည့် ဖယ်
ရှား မှု တစ်ချို့  ကို ပြု လုပ် ခဲ့ သည်။

မြန်မာ နိုင်ငံ အပေါ် အရေးယူဒဏ်ခတ် ပိတ် ဆို့  မှု အနက် အချို့  ကဏ္ဍ မျာူး မှာ ဆက်လက် ကျန် ရှိ
နေ ပြီး ၎င်း တို့  အနက် လက်နက် တင်ပို့  မှု နှင့် အမေရိကန် နိုင်ငံအတွင်း မြန်မာ နိုင်ငံ မှ ရင်းနှီးမြုပ်
နှံ ခွင့် တို့  ဖြစ်သည်။

 Freedom News Group

0 comments: