စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ထပ်ဆောက်ရန် စီစဉ်

မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော လျှပ်စစ်မီး မလုံလောက်မှု အခက်အခဲ ပြေလည်ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် တောင်ကို ရီးယားနိုင်ငံများမှ ကုမ္ပဏီများနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ အမေရိကန်မှ General Electric နှင့် Caterpillar ကုမ္ပဏီ ၊ ဂျပန်မှ J Power နှင့် တောင်ကိုရီးယားမှ BKB ကုမ္ပဏီများ ဖြစ်ကြောင်း၊ ဂျပန်မှ J Power နှင့် တောင်ကိုရီးယား BKB ကုမ္ပဏီများ က ရန်ကုန်မြို့အနီးတွင် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ စွမ်းအင်များဖြင့် ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကျောက်မီးသွေးမှ မဂ္ဂါဝပ် ၆၀၀ ၊ သဘာဝ ဓာတ်ငွေ့မှ မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း ဆင်ဟွာ သတင်းက ဆိုသည်။ ယခုရက်ပိုင်းတွင် လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးတချို့၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ဟိုးအရင်က မြန်မာစစ်အစိုးရ လုပ်ခဲ့တဲ့ ဆည်တွေ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ ဘယ်ရောက်သွားပါလဲ...

အဲဒီဟာတွေက အခုလက်ရှိ ဆက်သုံးလို့မရတော့ဘူးလား ...
ရေအားလျှပ်စစ်အသေးတွေ တည်ဆောက်မယ့်အစား လောပိတ လို ၀ပ်များများထွက်မယ့်ဟာမျိုးဘာလို့ မတည်ဆောက်ခဲ့ပါသလဲ...

အရင်က အလုံဓါတ်အားပေးစက်ရုံ လှော်ကား ဓါတ်အားပေးစက်ရုံ စသဖြင့် လေယာဉ်အင်ဂျင်တွေအသုံးပြုပြီး တည်ဆောက်ခဲ့သော စက်များ နှစ်ဘယ်လောက်မှ မကြာဘဲ အသုံးပြု၍မရဖြစ်ပြီး သံရည်ကျိုစက်ထဲရောက်သွားခဲ့ပါသည်...

ထိုကဲ့သို့သော လုပ်ရပ်များသည် ပြည်သူပိုင်ဘဏ္ဍာငွေများအား အလွဲသုံးစားလုပ်၍ စီမံကိန်းလူကြီးများမှ လုပ်ငန်းအကြောင်းပြကိုယ်ကျိုးရှာ သုံးစွဲခဲ့ခြင်းများအား လူတိုင်းအသိဖြစ်ပြီးဖြစ်ပါသည်...

မလုံလောက်တာကို ထပ်မံအကြောင်းပြပြီး ပြည်သူ့ဘဏ္ဍာအား ထပ်မံ၍ ကိုယ်ကျိုးရှာသုံးစွဲရန် ၀ံဂျီး ဇော်မင်း မှ ကြံစည်နေပါကြောင်း အသိပေးအပ်ပါသည်....

0 comments: