စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

လှိုင်သာယာလယ်သမားတွေ အိုးအိမ်ဌာနကို ဆန္ဒပြမည်




နော်နိုရင်း၊DVB ၁၆ မေ ၂၀၁၂

လှိုင်သာယာမြို့နယ်ထဲက အတွင်းပဒံ၊ အပြင်ပဒံနဲ့ ကျွန်းလုပ်ကြီးကျေးရွာ အုပ်စုတွေ က လယ်သမား ၆၀ကျော်၇ဲ့  လယ်မြေ ပေါင်း ၂ထောင်လောက်ကို အိုးအိမ်ဦးစီးဌာနက စက်မှုဇုံတည် ဆောက်ဖို့ ဆိုပြီး ၁၉၉၈ ခုနှစ် လောက်က နစ်နာကြေးတစုံ တရာမပေးဘဲ သိမ်းယူခဲ့တာပါ။

ဒီလယ်ယာမြေတွေပေါ်မှာ အိမ်ဦးစီးဌာနက ၀ါဝါ၀င်း ကုမ္မဏီနဲ့ အကျိုးတူပူးပေါင်ပြီး အနော်ရထာ စက်မှုဇုံတည် ထောင် ထား ပေမယ့် မြေရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာပဲ စက်မှုဇုံ အကောင်အထည်ဖော်ခဲ့ပြီး ကျန်တဲ့လယ်ယာမြေတွေမှာ လယ်သိမ်းယူခံ ထားရတဲ့ လယ်သမားတွေကိုပဲ သီးစား အငှားချထား အလုပ်လုပ်ခိုင်းခဲ့ပါတယ်။

ဒါကြောင့် လယ်သမားတွေဟာ ဒီလယ်မြေတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့  နဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့  အိုးအိမ်ဌာနကို မေလ(၉)ရက်နဲ့  (၁၅)ရက်တွေမှာ ၂ ကြိမ်တိုင် သွားရောက် တောင်းဆိုခဲ့ပါတယ်။

လယ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ စက်မှုဇုန်အတွက် သိမ်းထားတဲ့လယ်မြေတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ၀ါဝါ၀င်းကုမဏီဆီကနေ အိုးအိမ်ဌာနက ပြန်လွှဲပြောင်းယူဖို့ ၊ အဲဒိနောက် ဒီမြေ တွေကို မူလလက် ငုတ်မြေပိုင်ရှင် လယ်သမားတွေဆီကိုပြန်ပေးအပ်ဖို့ နဲ့  ဒီမြေတွေမှာ ကုမဏီ ထောင်လုပ်ကိုင်ခွင့်ရဖို့  တောင်းဆိုချက်တွေပါဝင်ပါတယ်။ ဒါ့ပေမယ့် အိုးအိမ်ဌာနက အရေးယူ ဆောင်ရွက် ပေးတာမရှိတဲ့အတွက် လယ်သမားတွေက မေလကုန်မှာ ဆနပြဖို့ ဆုံးဖြတ်လိုက်တာလို့  လယ်သမားအရေး ကူညီပေးနေတဲ့ ဦးဝင်းချိုကပြောပါ တယ်။

လယ်သမားတွေဟာ အသိမ်းယူခံရတဲ့ မိမိလယ်မြေထဲမှာပဲ သီးစားလုပ်ရတဲ့အတွက် အလုပ်ငန်း အဆင်မပြေသလို ကြုံရာ ကျပန်းလုပ်ကိုင်စားသောက်ရတဲ့အတွက်လည်း စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေပါတယ်။

0 comments: