စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

သတင်း တိုတိုထွာထွာ စုစည်းမှုများ

 ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ကျောက်ဖြူမြို့နယ် ပိုင်ချောင်းကျေးရွာဝန်းကျင်က ပျက်စီးသွားတဲ့ လယ်ဧက တစ်ထောင်အတွက် နစ်နာသူတွေ လျော်ကြေးအပြည့်အ၀ မရသေး
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားတဲ့ ကျောက်ဖြူမြို့နယ် ပိုင်ချောင်းကျေးရွာဝန်းကျင်က ပျက်စီးသွားတဲ့ လယ်ဧက တစ်ထောင်အတွက် နစ်နာသူတွေ လျော်ကြေးအပြည့်အ၀ မရသေးဘူးလို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဝင်တစ်ဦးက စုစုပေါင်း လယ်သမား ၅၇ယောက်ပဲ လျော်ကြေးရတယ်။ ကျန် ၁၁၄ ယောက်က လျော်ကြေးမရသေးဘူးလို့ ပြောပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းဖြတ် သွားတဲ့ နေရာတစ်လျှောက် တာတမံတွေနဲ့ လယ်မြေတွေ ပျက်စီးသွားတဲ့အတွက် နစ်နာတဲ့လယ်ပိုင်ရှင်တွေကို လျော်ကြေးပေးဖို့ သက်ဆိုင်ရာအာဏာပိုင် တွေလက်ထဲမှာ သိန်း ၄၀၀ ရောက်နေပြီ ဖြစ်ပေမယ့် ၁၈သိန်းပဲ လျော်ကြေးပေးသေးတယ်လို့ ဆိုပါတယ်။ ကျန်ငွေကို မယက၊ ရယကနဲ့ မြေစာရင်းဌာနက ခွဲဝေယူထားကြောင်း သူတို့လက်ခံရရှိထားတဲ့ လယ်ပိုင်ရှင်တွေရဲ့တိုင်ကြားစာထဲမှာ ဖေါ်ပြထားတယ်လို့ ရခိုင်အမတ်တစ်ဦးက အတည် ပြုပြောဆိုခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++
 
လုံးချင်းဝတ္တုတွေနဲ့ကဗျာတွေကို ထုတ်ဝေပြီးမှတင်ပြဖို့ စာပေစိစစ်ရေးက ခွင့်ပြုလိုက်
လုံးချင်းဝတ္တုတွေနဲ့ကဗျာတွေကို ထုတ်ဝေပြီးမှတင်ပြဖို့ စာပေစိစစ်ရေးက ခွင့်ပြုလိုက်ကြောင်း မေလ (၁၅) ရက် နေ့က စာပေစိစစ်ရေးရုံးမှာလုပ်တဲ့ အစည်းအဝေးမှာ ဒုညွှန်ချုပ်ဦးတင့်ဆွေက ပြောကြားခဲ့ပါတယ်။ အခုလို ခွင့်ပြုပေးလိုက်တာဟာ (၄) ကြိမ်မြောက် ဖြစ်ပါတယ်။ ဒီ့အတွက် နိုင်ငံရေး၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ဂျာနယ်တွေဘဲ မထုတ်ဝေခင် စာပေစိစစ်ရေးတင်ပြဖို့ လိုအပ်တော့မှာဖြစ်ပါတယ်။ အခုလို လုံးချင်းဝတ္တုအားလုံး ထုတ်တင်ခွင့်ပြုလိုက်ပေမယ့် နိုင်ငံရေးနောက်ခံဝတ္တုတွေ ထုတ်ဝေလာပြီး စာပေစိစစ်ရေးက မကြိုက်ဘူးဆိုယင် ထုတ်ပြီးသားတွေကို ပြန်လည်သိမ်းခိုင်းတာမျိုး ဖြစ်လာမှာကိုတော့ ထုတ်ဝေသူတစ်ချို့က စိုးရိမ်နေပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++++++
 
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေနဲ့ ကျောင်းသုံးပစ္စည်းတွေ ဈေးတက်နေ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေနဲ့ ကျောင်းသုံးပစ္စည်းတွေ ဈေးတက်နေတယ် လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ `ရိုးရိုးဆန်တစ်ပြည်ကို ကျပ် ၂၀၀၀ ကျော်၊ ဗလာစာအုပ်အကြမ်း တစ်ဒါဇင်ကို ကျပ်၂၅၀၀-၃၀၀၀၊ ခဲတံတစ်ဒါဇင်ကို ကျပ် ၁၅၀၀နဲ့ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၃၅၀၀၀ ပေးဝယ်နေရတယ်လို့ အဲဒီလွှတ်တော်အမတ်က ပြောပါတယ်။ အရင်က ရိုးရိုးဆန်တစ်ပြည်ကို သိပ်ဈေးကြီးတဲ့အချိန်မှာတောင် ကျပ် ၈၀၀-၉၀၀ လောက်ဘဲ ပေးရတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုလို ဈေးနှုန်းတွေ တက်နေတာဖြစ်ကြောင်းလည်း အဲဒီလွှတ် တော်အမတ်က ပြောပြခဲ့ပါတယ်။
 ++++++++++++++++++++++++++++++++++++++++++++++++++++
 ကချင်ပြည်နယ် နမ္မတီးမြို့နယ်က လမ်းဝရွာကြီးကို မေလ (၁၃) ရက်နေ့ကစပြီး ဒေသဆိုင်ရာ အာဏာပိုင် တွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်
ကချင်ပြည်နယ် နမ္မတီးမြို့နယ်က လမ်းဝရွာကြီးကို မေလ (၁၃) ရက်နေ့ကစပြီး ဒေသဆိုင်ရာ အာဏာပိုင် တွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ နမ္မတီးမြို့ ခံတစ်ဥိးက ပြောပါတယ်။ အဲဒီရွာမှာ ကချင်တိုင်းရင်း သားအများဆုံးနေထိုင်ပြိး လူဦးရေ တစ်ထောင်ဝန်းကျင်လောက် ရှိပါတယ်။ ဘာ့ကြောင့်ဆိုတာ အတိအကျမသိ ရပေမဲ့ အခုရက်ပိုင်း နမ္မတီးမြို့မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားနေတယ် လို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။
 ++++++++++++++++++++++++++++++++++++++++++++++++++++
ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လာမယ့်မေလ (၂၂)ရက်နေ့ နေပြည်တော်မှာ ဆွေးနွေးဖို့ ခေါ်ယူထား
 ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လာမယ့်မေလ (၂၂)ရက်နေ့ နေပြည်တော်မှာ ဆွေးနွေးဖို့ ခေါ်ယူထားတယ်လို့ သိရပါတယ်။ ပါတီ ခေါင်းဆောင်တွေလက်ခံရရှိတဲ့ အစည်းဝေးဖိတ်စာမှာ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲလို့ ဖော်ပြထား ပြီး ဘယ်လိုအကြောင်းအရာတွေ အဓိကဆွေးနွေးမယ်ဆိုတာတော့ အသေးစိတ် မသိရဘူးလို့ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။ NLD ပါတီအနေနဲ့ကတော့ ဦးဥာဏ်ဝင်းနဲ့ ဗဟိုအလုပ်အမှုဆောင်တဦး ဆွေးနွေး ပွဲတက်မယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကိုကိုကတော့ ပြီးခဲ့တဲ့ ရွေးကောက် ပွဲနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မယ်၊ ပါတီတွေဆီကနေ အကြံဥာဏ်ကောင်းတွေ ရယူပြိး ကော်မရှင်ဘက်က ပြောသင့်ပြောထိုက်တာတွေ ပြောနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။
 ++++++++++++++++++++++++++++++++++++++++++++++++++++++
 
ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ဆင်ဆာမူဝါဒတွေ လျော့ပေါ့ ပေးဖို့အပါအ၀င် အချက် (၈) ချက်ကို တောင်းဆို
မေလ (၁၄) ရက်နေ့ကပြုလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးအပါအ၀င် ပြန်ကြားရေးဌာနတာဝန်ရှိသူတွေနဲ့ ရုပ်ရှင် အစည်းအရုံးတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ဆင်ဆာမူဝါဒတွေ လျော့ပေါ့ ပေးဖို့အပါအ၀င် အချက် (၈) ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ၀န်ကြီးဌာနဘက်ကလည်း အချက် တစ်ချို့ ကို လိုက်လျောပေးခဲ့ပါတယ်။ ဥိးဇင်ဝိုင်းတင်ပြတဲ့အချက်တွေထဲမှာ ၁၉၈၈ နောက်ပိုင်း ဆင်ဆာအဖွဲ့က ပိတ်ပင်ထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇတ်ကားတွေကို ပြန်လည်ပြသခွင့်ပေးဖို့ ပါဝင်ပြိး ပြန်ကြားရေးဘက်ကတော့ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၂ အတွင်း ပိတ်ထားတဲ့ ဇာတ်ကား ၄၁ ကားကို ပြန်ပြသခွင့်ပေးလိုက်တယ်လို့် ဥိးဇင်ဝိုင်းက ပြောပါတယ်။ အဲဒီ ၄၁ ကားထဲမှာ သရဲကားနဲ့ နိုင်ငံရေးအရ ငြိစွန်းတယ်ဆိုတဲ့ အငြိမ့်တွေ ပါဝင်တယ်လို့ ဦးဇင်ဝိုင်းက ဖြည့်စွက်ပြောပြခဲ့ပါတယ်။
 +++++++++++++++++++++++++++++++++++++++++++++++++++++
 
မြန်မာအစိုးရဟာ အခုနှစ် ပထမသုံးလအတွင်းမှာတင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရရှိ
မြန်မာအစိုးရဟာ အခုနှစ် ပထမသုံးလအတွင်းမှာတင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရရှိခဲ့ကြောင်း Weekly Eleven သတင်းကို ကိုးကားပြိး ရန်ကုန်ကပေးပို့တဲ့ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။ အဲဒီငွေကို တရုတ်အပါအ၀င် နိုင်ငံပေါင်း ၈-ခုရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ ရရှိခဲ့တာဖြစ်ပြီး အဓိကအားဖြင့် ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေ ဒေါ်လာ ၂၄၇ သန်းနဲ့ သတ္တုတူးဖော်ရေးကနေ ဒေါ်လာ သန်း ၂၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရစာရင်းအင်းဌာန အရာရှိတွေရဲ့အပြောအရ မြန်မာနိုင်ငံဟာ ပြိးခဲ့တဲ့ နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။
DVB TV News
 

0 comments: