စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရမပြုသည့် ကိစ





မြန်မာ့အာဇာနည်ဗိမာန်ကို လာရောက်စဉ် မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရမပြုတာ တောင်ကိုရီးယားသမတ ခရီးစဉ်ကို လက်ခံစီစဉ်ပေးခဲ့ကြတဲ့သူတွေမှာ တာဝန်ရှိလို့  ဖြေရှင်းပေးပါ။

ယနေ့  ထုတ် သတင်းစာတွင်သာမက နိုင်ငံတကာသတင်းများတွင်ပါ ပါရှိခဲ့သည့် တောင်ကိုရီးယားသမတရဲ့  မြန်မာနိုင်ငံ အာဇာနည်ဗိမာန်တွင် ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီယားလက်ချက် ဗုံးဖေါက်ကွဲမှုဖြင့် သေဆုံးရသည့် တောင်ကိုရီးယားဝန်ကြီးများကိုသာ ဂါဝရပြုသည့် အဖြစ်အပျက်ကို မြင်တွေ့ ရပါတယ်။

ယနေ့  ထုတ် မြန်မာသတင်းစာများထဲတွင် သတင်းဖေါ်ပြချက်၌ “သမတ မစ္စတာ လီမြောင်ဘတ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် နံနက် (၁၁) နာရီ မိနစ် (၄၀) တွင် အာဇာနည်ဗိမာန်သို့  သွားရောက်၍ ယခင် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယားသမ္မတနိုင်ငံမှ ၀န်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါဝရပြုသည်” ဟု ဖေါ်ပြထားပါတယ်။

နိုင်ငံတကာက အစိုးရပိုင်းဆိုင်ရာ အကြီးအကဲတွေ သံတမန်တွေနဲ့  ဧည့်သည်တော်တွေဟာ မြန်မာနိုင်ငံကို လာရောက်စဉ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့  အာဇာနည်ဗိမာန်မှာ မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရလာရောက်ပြုကြလေ့ရှိပါတယ်။

ယခုလို တောင်ကိုရီးယားသမတက မြန်မာနိုင်ငံရဲ့  အာဇာနည်ဗိမာန်ကို လာရောက်ခဲ့စဉ်မှာ မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါဝရပြုသည့် သတင်းမဖေါ်ပြထားတဲ့အတွက် - တောင်ကိုရီးယားသမတရဲ့  အာဇာနည်ဗိမာန်လာရောက်မှု အစီအစဉ်ကို စီစဉ်ပေးခဲ့တဲ့သူတွေ အထူးသဖြင့် နိုင်ငံတော်ချစ်ကြည်ရေးအလည်အပါတ်ခရီးစဉ်ဖြစ်တဲ့အတွက် အထူးတာဝန်ရှိတဲ့ မြန်မာသမတ သိန်းစိန်တို့ မှာ ဦးစွာ တာဝန်ရှိပါတယ်။

ယခုကိစ္စနဲ့ ပတ်သက်ပြီး - နိုင်ငံတစ်နိုင်ငံရဲ့  သမတအဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ့အာဇာနည်ဗိမာန်ကို လာရောက်မှုအစီအစဉ်မှာ မည်သည့်အကြောင်းကြောင့် မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများအား ဂါဝရမပြုရသည့် အခြေအနေ အနေအထားအား မြန်မာသမတ သိန်းစိန်တို့  တာဝန်ရှိသူများမှ တိုင်းသူပြည်သားများထံ ဖြေရှင်းချက် တရားဝင် ထုတ်ပြန်ပေးဖို့  တောင်းဆိုလိုပါတယ်။

By: Nik Nayman

0 comments: