စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

မေလ ၁၅ ရက်နေ့ ကလှိုင်သာယာက အထည်ချုပ်စက်ရုံ နှစ်ခုမှာ အမျိုးသမီးဝန်ထမ်းတွေ အလုပ်မဆင်းဘဲဆန္ဒပြ


မေလ ၁၅ ရက်နေ့ ကလှိုင်သာယာက အထည်ချုပ်စက်ရုံ နှစ်ခုမှာ အမျိုးသမီးဝန်ထမ်းတွေ အလုပ်မဆင်းဘဲဆန္ဒပြမှုတွေ
တစ်ပြိုင်နက်ဇြစ်ပွါးခဲ့ပါတယ်။ အထည်စက်ရုံနှစ်ခုထဲက တစ်ခုဖြစ်တဲ့ Pearl Garment Co Ltd မှာ ဦးဆောင်လှုပ်ရှားသူတစ်ဦးမှမရှိဘဲ
ဝန်ထမ်းအားလုံး တညီတညွတ်ထဲ ဆန္ဒပြကြတာပါ။

တစ်နာရီကိုလုပ်ခ တစ်ရာကျပ်ကျော်သာရကြလို့ ပြောင်းလဲလာတဲ့ အထွေထွေ ကုန်ဈေးနှုန်းတွေနဲ့ လိုက်လျောညီထွေရှိမယ့် လုပ်ခတိုးပေးဖို့တင်ပြရာမှာ အလုပ်ရှင်က ဦးဆောင်လှုပ်ရှားသူတွေကို အလုပ်ဖြုတ်ပစ်မယ်လို့ ပြောပြီးလုပ်ခတိုးမပေးလို့ ခုလိုအလုပ်မဆင်းဘဲ ဆန္ဒပြကြတာပါလို့ ၀န်ထမ်းတွေကဆိုပါတယ်။

ရာနဲ့ချီတဲ့ ၀န်ထမ်းအမျိုးသမီး တစ်ဝက်လောက်ကို စက်ရုံအပြင်ကိုပေးမထွက်တဲ့အတွက် အပြင်ကဆန္ဒပြနေကြတဲ့ ၀န်ထမ်းတွေနဲ့ တင်းမာမှုတွေ အချိန်တော်တော်ကြာဇြစ်ခဲ့ပြီးနေ့လည် ၁၂ နာရီကျော်မှ စက်ရုံထဲက ၀န်ထမ်းတွေကိုအပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။
အပြင်ထွက်လာတဲ့ဝန်ထမ်းတွေနဲ့အပြင်ကစောင့်နေတဲ့ဝန်ထမ်းတွေပေါင်းပြီးဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

ပုလဲအထည်ချုပ်စက်ရုပ် ပိုင်ရှင် ဒေါ်စန္ဒာ နဲ့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်တို့က လာရောက် ညှိနှိုင်းခဲ့ပေမယ့် အလုပ်သမတွေရဲ့ တောင်းဆိုချက်တွေ ပြေလည်မှု မရရှိခဲ့သေးပါဘူး။
ပုလဲအထည်ချုပ်စက်ရုံ ဆန္ဒပြပွဲမြင်ကွင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။



DVB

0 comments: