စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 16, 2012

လယ်ယာမြေတွေ မတရား သိမ်းယူခံနေရတဲ့ လယ်သမားတွေရဲ့ ဘဝ


ရန်ကုန်တိုင်း သုံးခွမြို့နယ် နဲ့ ၁၅ မိုင် အကွာမှာ ရှိတဲ့ သာယာမြိုင်ကျေးရွာ အမှတ် ၁ဝ၅ နဲ့ ၁ဝ၆ မှာရှိတဲ့ လယ်သမားတွေရဲ့ လယ်မြေတွေကို သုံးခွမြို့နယ် မယက ဥက္ကဌ ဦးခင်မောင်ဝင်း က တိုင်းညွှန်ကြားချက်အရ ပုဇွန်ကန်တူးဖော်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနစ်က အဓမ္မ သိမ်းယူခဲ့ပါတယ်။လယ်သမား ၁၉ ဦးတို့ ရဲ့ လယ်ယာမြေ စုစုပေါင်း ၁၃၈.၃၅ ဧက ကို လျော်ကြေးနဲ့ လယ်ယာမြေ ပြည်လည် အစားထိုးပေးမှု တစ်စုံတစ်ရာမရှိပဲ သိမ်းယူခဲ့တာပါ။ အဲ့ဒီလို လျော်ကြေးနဲ့ လယ်ယာမြေတွေ အစားပြန်မပေးတဲ့အတွက် ဒီလယ်ယာမြေတွေနဲ့ ပဲ လုပ်ကိုင် စားသောက် နေရတဲ့ လယ်သမားနဲ့ သူတို့ မိသားစုတွေဟာ စားဝတ်နေရေး ဒုက္ခတွေ နဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။



0 comments: