စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 1, 2012

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်တွေ့ဆုံ

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှု့အဖြစ် ယနေ့ (မေ ၁ရက်) နံနက် ၁၀နာရီ ၃၀မိနစ်က တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် တစ်နာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မစ္စတာဘန်ကီမွန်းကဒေါ်အောင်ဆန်းစုကြည်ကိုကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းနှင့် လွှတ်တော်သို့တက်ရောက်မည်ဟု ဆုံးဖြတ်ခဲ့သည့်အပေါ်ဂုဏ်ပြုစကားဆိုခဲ့ပြီး ကုလသမဂအဖွဲ့ချုပ်သို့ လာရောက်ရန်ဖိတ်ခေါ်ခဲ့သည်ဟု မစ္စတာဘန်ကီမွန်းကပြောကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်ကလည်း သွားရောက်လေ့ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး ဘယ်အချိန်သွားမည်ကိုမူ မပြောနိုင်သေးကြောင်း သတင်းထောက်များကိုပြောကြားခဲ့သည်။

7Day News Journal
 

0 comments: