စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, May 1, 2012

ကျမ်းကျိန်ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ပြစ်တင် ဝေဖန်နေသူများသို့..။




Search Fire ဆိုတာကို ခင်ဗျားတို့ပိုသိမှာပါ..။ ဒေါ်စုပစ်လိုက်တဲ့ Search Fire ကြောင့် ဘန်ကီမွန်းကိုယ်တိုင် မိန့်ခွန်းစောစောတက်ပြောရတဲ့ဘ၀..။

လွှတ်တော်ရပ်နားချိန်ကို NLD ၀င်နိုင်တဲ့အထိ နှစ်ရက်နောက်ဆုတ်ပေးလိုက် ရတဲ့အခြေအနေက သမ္မတကို ဂုဏ်တက်စေသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်မငယ်စေပါဘူး...။

လွှတ်တော်ကိုလည်း သိက္ခာရှိစေပါတယ်..။

ဒါပေမယ့်... အဲဒီပစ်ချက်ကြောင့် အခြေခံဥပဒေကို ပြည်သူက ပိုစိတ်ဝင်စားလာပြီး အားနည်းချက်တွေကို ထဲထဲဝင်ဝင်လေ့လာနိုင်စွမ်းရှိလာတဲ့အတွက်... ပညာတတ်ဆိုသူ လက်တစ်ဆုတ်စာနဲ့ တံခါးပိတ်ရေးဆွဲပြီး လူတစ်သိန်းကျော်သေပြီး တိုင်းပြည်တစ်ဝက်လောက် ရေမျောမတတ်ဖြစ်သွားတဲ့ နာဂစ်ကာလအတွင်းမှာ အတင်းအဓမ္မ ထောက်ခံခဲ့တဲ့ အတည်မပြုခင်.. ကပ်စိုက်ခဲ့တဲ့ လာခြင်းမကောင်းတဲ့ အခြေခံဥပဒေဆိုတာကြီးရဲ့ အပေါ်တမျိုး အောက်တမျိုးရေးထားတဲ့..အားနည်းချက်ကို ပြည်သူလူထုက ပိုမိုသိရှိသဘောပေါက်သွားခဲ့တဲ့အတွက် ဘယ်သူရှူံးပြီး .. .ဘယ်သူနိုင်သွားသလဲ.ဆိုတာ .. သေသေချာချာ လေ့လာလိုက်စမ်းပါလို့....။

NLD ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အများဆန္ဒအရ၀င်ခဲ့တယ်..။ အမေစုက အများသဘောအရဆုံးဖြတ်ခဲ့တယ်ဆိုတာ အကုန်သိကြသလို အခုကိစ္စကလည်း တင်းထားရင် ရပေမယ့် အများသဘောအရ ဆုံးဖြတ်မှာပဲဆိုတာ သူ့အကြောင်းသဘောပေါက်တဲ့သူတွေအတွက်.. အံ့သြစရာမဟုတ်ပါ..။

တကယ်တမ်း ဘယ်သူနိုင်သွားသလဲ... ဘယ်သူရှူံးသွားသလဲ..။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အခြေခံဥပဒေရဲ့ အားနည်းချက်ကို သာမန်ပြည်သူတွေတောင်.. .သိကုန်ပြီဆိုတာ...... သဘောပေါက်ကြပါ..။

စစ်အစိုးရတာဝန်ယူပြီးတဲ့ ကာလတလျောက်လုံးမှာ ကိုယ်လုပ်တဲ့ကိစ္စတစ်ခု လစ်ဟင်းသွားတာကို တာဝန်ယူပြီး ၀န်ခံတတ်တဲ့ ခေါင်းဆောင်ပီသတဲ့ ယောက်က်ျားဆိုလို့ တစ်ယောက်မှ မတွေ့ခဲ့တာကတော့ ..ရယ်စရာပါ..။

၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သေချာပြန်လေ့လာ ကြရအောင်..

အင်္ဂလိပ်၊ မြန်မာ(၂)ခု ယှဉ်ဖော်ပြထားတဲ့ အခြေခံဥပဒေ စာအုပ်ပါ..

 ဒေါင်းလုပ်ရယူရန် http://www.mediafire.com/view/?w86kcpmu1aggwbv


Yan Aung
 

0 comments: