စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, May 23, 2012

Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း


သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်း ခွင့်ပြု လျက်ရှိတဲ့ Taxi ယာဉ်တင်သွင်းမှုမှာ မေလ(၁၈)ရက်နေ့အထိ ယာဉ်အစီးရေ ၁၅၀စီး
တင်သွင်းပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို တင်သွင်းမှုမှာ Brand New Sonata ယာဉ်အစီး ၅၀ ကို Firsheries and Marine Pdt 2000 Ltd က တင်သွင်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ကနေ ၂၀၁၁-၂၀၁၂ model Corolla Saloon အစီး ၁၀၀ တင်သွင်းတာ ဖြစ်ပါတယ်။ ဒီလို တက္ကစီယာဉ် တင်သွင်းမှုကို မေလ ၄ ရက်နေ့ကစပြီး ခွင့်ပြု ပေးခဲ့တာဖြစ်ပြီး တင်သွင်း ခွင့်ပြုရာမှာ ၂၀၀၇ ခုနှစ် မော်ဒယ်နဲ့ အထက် ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်း ခွင့်ပြု ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလို တင်သွင်းရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့က ထောက်ခံ တင်ပြတဲ့ ကုမ္ပဏီတွေကို သွင်းကုန် ပါမစ်များ ထုတ်ပေး လျက်ရှိတယ်လို့ သိရပါတယ်။

MRTV-4

0 comments: