ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ က အပြတ်အသတ် အနိုင်ရခဲ့ပြီး တဲ့နောက် အမေရိကန်အစိုးရက မြန်မာနိုင်ငံ နဲ့ ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံဖို့ ခြေလှမ်းပြင်နေ ကြောင်း အရိပ်လက္ခဏာ ပြသလိုက်ပါတယ်။
မနေ့က နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Victoria Nuland က မြန်မာ နိုင်ငံ ရဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲခြေလှမ်းတွေနဲ့ လိုက်ဖက်ညီအောင် မိမိတို့ဘက် ကလည်း ပြင်ဆင်နေကြောင်း ပြောဆိုခဲ့ပါတယ်။
အင်္ဂါနေ့ထုတ် ၀ါရှင်တန်ပို့စ် သတင်းစာကတော့ သမ္မတ အိုဘားမားဟာ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် တစ်ဦးကို မကြာခင်ရက်ပိုင်း အတွင်း ရွေးချယ်စေလွှတ်လိမ့်မယ်လို့ သတင်းရကြောင်း
ဖေါ်ပြလိုက်ပါတယ်။
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပြန်လည် မရုတ်သိမ်းသေးရင်တောင်မှ၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီးတဲ့
ခြေလှမ်းမျိုး လှမ်းလိမ့်မယ်လို့ ၀ါရှင်တန်ပို့စ် က ဆိုပါတယ်။
ကြားသိရတဲ့သတင်းအရ လက်ရှိ အမေရိကန်အစိုးရ ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး Mr. Derek Mitchell ဟာ မြန်မာပြည်ဆိုင်ရာ အမေရိကန် သံအမတ် ဖြစ်လာဖွယ်ရှိတယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာပါ သတင်းတစ်ပုဒ်မှာ ဖေါ်ပြထားပါတယ်။
RFA
Welcome to SeekaHost
10 months ago










0 comments:
Post a Comment