စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 4, 2012

အရေးပေါ်အသက် ကယ်ဆယ်ရေး







နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး(၇)ရက်သားသမီးတို့၏နာရေးကိစ္စများ၊ပညာရေး၊ကျန်းမာရေးကိစ္စများကိုအခမဲ့ ကူညီပေးလျှက်ရှိရာနာရေးကူညီမှုအသင်း(ရန်ကုန်)၏သုခကုသိုလ်ဖြစ်ဆေးခန်း၌လူနာများကိုအခမဲ့ဆေးဝါး
ကုသမှုများပြုလုပ်ပေးနေလျှက်ရှိသည်မှာ(၂၀၀၇)ခုနှစ်မှစတင်၍ယနေ့အထိလူနာပေါင်း
(တစ်သိန်းခြောက်သောင်းကျော်)ဦးရေခန့်ရပြီဖြစ်ပါသည်။ယခုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှဥက္ကဌဦးကျော်သူ၏ အကြံပြုချက်အရ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသောအရေးပေါ်ကယ်ဆယ်ရေးလူနာတင်ယာဉ်လုပ်ငန်းကိုမကြာခင်အချိန်အတွင်းစတင်
အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

အဆိုပါအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်မှာ မြန်မာနိုင်ငံတွင်မည်သည့်အဖွဲ့အစည်း၊အသင်းအဖွဲ့က
မှအကောင်အထည်မဖေါ်ပေးနိုင်သေးသောလုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ ၆.၅.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) ကားအားလှူဒါန်းခဲ့ပါသည်။ ယင်းအရေးပေါ် လူနာတင်ယာဉ်အားသုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသောလူနာများတွင် အရေးပေါ် ဆေးရုံတင်ရမည့် လူနာများကိုသက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့သခြင်းတို့ကိုကုသိုလ်ဖြစ် ကူညီဖေးမပေးခြင်းတို့ကိုအသုံးချကူညီခဲ့ပါသည်။

ယခုထပ်မံ၍အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်အားလောလောဆယ်တွင် လူနာတင်ယာဉ်တစ်စီးသာသုခကုသိုလ်ဖြစ်ဆေးခန်းတွင် ရှိသေးပါသဖြင့် ရန်ကုန်မြို့တွင်းရှိမြို့နယ်များတွင် အရေးပေါ်အခြေအနေဖြစ်ပေါ်သောယာဉ်တိုက်မှုများ၊ မီးလောင်မှုများ၊ရေကြီးမှုများစသည့်ဘေးအန္တရာယ်များကြောင့် အရေးပေါ်ကျန်းမာရေးကူညီစောင့်ရှောက်ရန် လိုအပ်၍အကူအညီတောင်းခံလာပါကနာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်နှင့် အရေးပေါ်လူနာများအားအစိုးရပြည်သူ့ ဆေးရုံကြီးများသို့ (အခမဲ့)ပို့ဆောင်ပေးမည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဖြစ်သည်။နောင်အနာဂတ်တွင် ယင်းအရေးပေါ်လူနာတင်ယာဉ် (အခမဲ့) ၀န်ဆောင်မှုလုပ်ငန်း အားမြန်မာပြည်တ၀ှမ်း ကူညီဖေးမလုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။

အထက်ပါ နာရေးကူညီမှုအသင်း(ရန်ကုန်)၊သုခကုသိုလ်ဖြစ်ဆေးခန်းရှိလူနာတင်ယာဉ်နှင့်လိုက်ပါမည့်လုပ်အားပေး
လူမှုရေးသမားများကိုရန်ကုန်တိုင်းကြက်ခြေနီအသင်းနှင့် ဆက်သွယ်အကူအညီတောင်းခံကာလုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ‘အခြေခံရှေးဦးသူနာပြုစုခြင်း’သင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနည်းပြဆရာများမှလာရောက်၍
 စေတနာထက်သန်စွာဖြင့်ကြက်ခြေနီ (ရှေးဦးသူနာပြုလုပ်ငန်း) စတင်ပေါ်ပေါက်လာပုံကိုရှင်းလင်းပြောကြားကာသင်တန်းပို့ချချက်များကိုသင်ကြားပေးခဲ့သည်။သင်တန်းကို
(၂၃.၃.၂၀၁၂) ရက်နေ့ နံနက်(၀၉း၃၀)အချိန်၌စတင်ဖွင့်လှစ်ခဲ့ကာဆရာဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း)၊အရှေ့ပိုင်းခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးမှ(ကြက်ခြေနီအကြောင်း
သိကောင်းစရာ)(ရှေးဦးပြုစုခြင်းအခြေခံသဘောတရား)၊ ဆရာဦးခင်သန်း(ဒု-တပ်ရင်းမှူး၊နည်းပြ) တောင်ဥက္ကလာပမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းမှ(သတိလစ်မေ့မျောခြင်း)၊
(သွေးလန့်သွေးဆုတ်ခြင်း)၊ဆရာဦးအောင်သန်း(နည်းပြ)မှ(အပူလောင်ခြင်း)စသည့်ကယ်ဆယ်ရေးဘာသာ
ရပ်များကိုသင်ကြားပို့ချပေးခဲ့ပါသည်။

ထို့အပြင်ဦးခင်သန်း(ဒုတပ်ရင်းမှူး၊နည်းပြ) မှ (သွေးယိုထွက်ခြင်း)နှင့်(ဒဏ်ရာအမျိုးမျိုးပြုစုနည်း)၊ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း၊နည်းပြ)မှ အခြေခံအသက်အထောက်အကူပြုနည်း(CPR)ကိုသင်ကြားပေးခဲ့ပြီးသင်တန်းသားများအားလက်တွေ
လေ့ကျင့်ပေးခဲ့ပါသည်။ဦးအောင်ကြည်(ဒုတပ်ရင်းမှူး-နည်းပြ)ဗဟန်းမြို့နယ်ကြယ်ခြေနီသူနာပြုတပ်ရင်းမှလည်းပတ်တီးစည်းနည်းအခြေခံနှင့် အဆိပ်သင့်ခြင်းဘာသာရပ်ကိုသင်ကြားပေးခဲ့ပါသည်။

ဦးခင်သန်း(ဒုတပ်ရင်းမှူး၊နည်းပြ)မှ(အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း)၊ ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း၊နည်းပြ)မှ အရေးပေါ်အထွေထွေပြုစုနည်းများအားသင်ကြားပေးခဲ့ပါသည်။ သင်တန်းဆရာများဖြစ်ကြသောဦးခင်သန်းနှင့်ဦးအောင်ကြည်တို့မှ ပတ်တီးစည်းနည်းများ၊ လူနာသယ်ဆောင်နည်းများကိုလည်းနေ့ အလိုက်သင်ကြားပြသပေးခဲ့ပါသည်။

အထက်ပါသင်တန်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးကော်မတီသင်တန်းသား/သူစုစုပေါင်း(၂၉)ဦးတက်ရောက်သင်ကြားခဲ့ကြပါသည်။အထက်ပါ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသောအခြေခံရှေးဦးပြုစုခြင်းသင်တန်း၏ အရည်အချင်းစစ် စာမေးပွဲကို (၃၁.၃.၂၀၁၂) နေ့၊ နံနက် (၁၀း၀၀)နာရီတွင် စာမေးပွဲများစစ်ဆေးခဲ့ပြီးသင်တန်းဆရာများမှ သင်တန်းသားများအားစာတွေ့၊ နှုတ်မေးနှင့် လက်တွေ့များဖြင့် အရည်အချင်းစစ်ဆေးခဲ့ကြပြီးနောက် နံနက်ပိုင်းစာမေးပွဲစစ်ဆေးခြင်းအားခေတ္တရပ်နားခဲ့ပါသည်။

အဆိုပါ နေ့လည်ပိုင်းတွင် အထက်ပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ရှေးဦးစွာနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူမှ သင်တန်ဆင်းအဖွင့်မိန့်ခွန်းပြောကြားပြီးနောက် သင်တန်းထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများအားဥက္ကဋ္ဌဦးကျော်သူမှ ဆုချီးမြှင့်၍ သင်တန်းသားများမှ သင်တန်းဆရာများအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့ပြင်သင်တန်းဆင်းအောင်လက်မှတ်များကိုသင်တန်းဆရာများမှချီးမြှင့်ပေးခဲ့ပါသည်။ ပြီးနောက် သင်တန်းဆရာများမှ သင်တန်းသား၊ သင်တန်းသူများအား ဆုံးမသြ၀ါဒ စကားချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားများကိုယ်စားသင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာသင်တန်းဆင်းပွဲအခမ်းအနားကိုအောင်မြင်
စွာရုတ်သိမ်းနိုင်ခဲ့ပါသည်။

ယင်းသင်တန်းအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများဖြစ်ကြသောသင်တန်းသူ(၁၁)ဦး ၊ သင်တန်းသား(၁၈)ဦးစုစုပေါင်း(၂၉) ဦးတက်ရောက်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၂၀၁၂ ၊မတ်လ(၁၂)ရက်နေ့တွင် အသင်းမှတ်ပုံတင် ကျရောက်ပြီးသည့်နောက်ပိုင်းနာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး အများပြည်သူအပေါင်းတို့အားနာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည်တို့ကိုတိုးမြှင့် ကူညီလုပ်ဆောင် ပေးဆပ်နေပြီဖြစ်သလိုယခုအရေးပေါ်အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်သောလူနာတင်
ယာဉ်ဖြင့်လူသားတို့၏ အသက်ပေါင်းမြောက်များစွာကိုထပ်မံကယ်တင်ပေးနိုင်တော့မည် ဖြစ်ပါသည်။

 Kyaw Thu

0 comments: