စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, April 1, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂုဏ်သိက္ခာထိပါးသောဗီဒီယိုပြသူ အသတ်ခံရ။


မုံရွာခရိုင်ပုလဲမြို့ နယ်ညောင်ကုန်းကျေးရွာတွင်၃၁.၃ ၂၀၁၂ ရက်ည ၉:၃၀ နာရီခန့် ကလူသတ်မှုတခုဖြစ်ပွားခဲ့ ပါတယ်။ရွာဗီဒီယို ရုံမှာဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့ ကွန်ပျူတာအထူး
ပြုလုပ်ချက်များဖြင့် ပြုပြင်ထားသောဗီဒီယိုခွေကိုပြသရာမှဖြစ်ပွားခဲ့ ရတာပါ။
သေဆုံးသူဦးဝင်းမင်းသန်း၊အသက် ၃၅ကအဆိုပါအခွေကိုရွာတွင်ပြသရာ တရွာတည်းသား ကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် မှမပြသစေချင်ကြောင်းလာရောက်တားမြစ်ရာမှ နှစ်ဦးသားလုံးထွေးသတ်ပုတ်ကြကြောင်း ကိုထွန်းအောင်ကျော်အရိုက်ခံရပီးထွက်ပြေးသွားရာနောက်သို့ 
ဦးဝင်းမင်းသန်းအပါအ၀င်၃ ယောက်ကအနောက်မှလိုက်သွားရာ လမ်းအကွေ့ တွင်ဆုံတွေ့ ပြီးပြဿနာထပ်မံဖြစ်ပွားရာမှကိုဝင်းမင်းသန်းနောက်ကျောကိုဓါးဖြင့် အထိုးခံ
ရကြောင်း ပုလဲမြို့ ဆေးရုံသို့ ပို့ ရာလမ်းတွင်သေဆုံးသွားကြောင်းပုလဲဒေသခံတစ်ဦးကCJMyanmar ကိြုေ့ပာပြပါတယ်။
တရားခံဟုယူဆရသူကိုအောင်ကျော်ထွန်း(ခ)ဖိုးကျော် အသက် (35)နှစ် နှင့် 
ကိုရန်မျိုး အသက်(29)နှစ်တို့ ကိုပုလဲမြို့ နယ်ရဲစခန်းတွင်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

CJ Myanmar

0 comments: