Photo : Lynn Bo Bo
မဟာသင်္ကြန် ဒုတိယ အကြတ် နေ့ ဉ် ရန်ကုန်မြို့ ကန် တော်ကြီး ကန်ပတ် လမ်းရှိ ရေပက် မဏ္ဍပ်
တစ်ခု ဉ် အမျိုးသမီး ငယ် များ ၏ ၀တ်စား ဆင်ယဉ် မှု ကို ဝေဖန် မိသော လူလတ်ပိုင်း အရွယ် စုံ
တွဲ နှစ်ဦး မှာ မဏ္ဍပ် မှ နှင်ထုတ်ခံ ရသည် ဟု FNG မှ သတင်း ရရှိသည်။
ထိုစုံတွဲ မှ အမျိုးသမီး တစ်ဦး ဖြစ်သူ သည် ” မိန်းကလေး တွေ က လည်း ၀တ်ထား လိုက်တာ
မြန်မာ မလေး တွေ မဟုတ် သလို ပဲ ” ဟု ပြောလိုက် သည် ကို အနီးရှိ ဘရာဇီယာ သာသာ အကျီ
လောက်သာ ၀တ်ထားသည့် အမျိုးသမီး ငယ် တစ်ဦး က ကြား ပြီး နောက် ပြန်လည် ချေပ ရာမှ
အချင်းများ မှု ပေါ်ပေါက် ခဲ့ သည် ဟု သိရသည်။
အဆိုပါ မဏ္ဍပ် တွင် ဒီဂျေ အဖြစ်တာဝန်ထမ်းဆောင် နေ သူ တစ်ဦး က ” ကောင်မလေး တွေရော
ကောင်လေး တွေ ရော အဲဒီစုံတွဲ ကို ပြန်ပြောကြတယ်။ ကျွန်တော်က စက်ခန်း ထဲ မှာ ဆိုတော့
သေချာ မကြား ဘူး ၊ တစ်ချို့  က တော့ အမ ရေလာ ပက် မနေ နဲ့  ဘုန်းကြီး ကျောင်း သွား ပြီး
ဥပုတ် သွားစောင့် နေ ” လို့  ပြောကြတာ ကြားတယ် ဟု ပြောသည်။မဏ္ဍပ် တွင်း ရှိ ရေပက် သူ အမျိုးသား တစ်ဦး က ဒီဂျေ စက်ခန်း တွင်း ၀င်ပြီး မိုက် မှ နေ၍ ” မလို
လားအပ်သည့် ခိုက်ရန် ဖြစ်ပွား မှု မဖြစ်ရ အောင် အဆို ပါ အမျိုးသမီး စုံ တွဲ ကို မဏ္ဍပ်မှ ထွက် ခိုင်းမှ
ထွက်ခွာသွား သည် ဟု ဆိုသည်။
မဏ္ဍပ် တာဝန်ခံ က FNG သို့  ပြောရာတွင် သူတို့  က All Day မဟုတ်ဘူး နောက်နှစ် ရက် အတွက်
လက်မှတ် ယူပြီး လာပက် တဲ့ သူ တွေ မဏ္ဍပ် ထိုင်ဖူး ပုံ မပေါ် ဘူး ၊ ဒီနေ့  ကျမှ ကျွန်တော် တို့ လဲ
ပြဿနာ ကြုံရတယ်။ သူတို့  နှစ်ယောက် ကို လက်မှတ် ဖိုး ပြန်အမ်း ပေးလိုက်ပါတယ် ဟု ပြောသည်။
ယခုနှစ် သင်္ကြန် ဉ် မြန်မာ အမျိုးသမီး ငယ် အချို့ သည့် ကြည့်ချင် စဖွယ် ဖြစ်အောင် ၀တ်စားဆင်ယဉ်
မှု ပြုလာကြသည်။ အချို့  ကလည်း ထို ၀တ် ဆင်မှု မှာ မြန်မာ့ ရိုးရာယဉ် ကျေးမှု နှင့် မကိုက်ညီ ဘူး ဟု
ပြောသည်။
FNG မှ Web Admin တာဝန်ထမ်းဆောင် နေသူ မသီရိထက် ကမူ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နဲ့  မကိုက်ညီ
တာ လွှတ်တော် ထဲ မှာ စစ်ဗိုလ် ၂၅ ရာခိုင်နှုန်း ပါနေတာပါ ပဲ ဟု ထောက်ပြသည်။
Freedom News Group
0 comments:
Post a Comment