စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 16, 2012

ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ဟာ ဒေါ်ခင်ကြည်ရဲ့ နှစ်တရာပြည့်မွေးနေ့ဖြစ်ပါတယ်


ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးသည် ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့ နှစ်တရာပြည့်မွေးနေ့ဖြစ်ပါတယ်။ 

ဒီကနေ့မှာပဲ ဒေါ်အာင်ဆန်းစုကြည်က သူမိခင်ရဲ့အမည်နဲ့ ဖောင်ဒေးရှင်းတခုကို စတင်ထူထောင်လိုက်တာဖြစ်ပြီး လူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင် သွားမှာလဲဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းအနေနဲ့ ကူညီရေးအစီအစဉ်တွေကို ကော့မှူးမြို့နယ်က စတင်လုပ်ဆောင်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ လက်ထပ်ခဲ့ပြီး ဦးအောင်ဆန်းဦး၊ ဦးအောင်ဆန်းလင်း၊ ဒေါ်အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့ပါတယ်။ ဒုတိယမြောက် သားဖြစ်သူ ဦးအောင်ဆန်းလင်းကတော့ အသက် ၈ နှစ်သား အရွယ်မှာ နေအိမ်ခြံဝန်းအတွင်းရှိ ရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၆၀ မှတော့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ ၁၉၈၈ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်ခဲ့ တာဖြစ်ပါတယ်။

------------------------------------------


နော်ဝေးနိုင်ငံအစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆိုဒဏ်ခက်မှုကို ဆိုင်းငံဖြေလျှော့လိုက်


နော်ဝေးနိုင်ငံအစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆိုဒဏ်ခက်မှုကို ဆိုင်းငံဖြေလျှော့လိုက်ကြောင်း ဧပြီ ၁၆ ရက်နေ့က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေကို ကြည့်ရင် အာဏာပိုင်တွေဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာ ထင်ရှားနေကြောင်း၊ ဒီိအတွက် ကြိုဆိုရမှာ ဖြစ်ကြောင်း၊ အခု မြန်မာနိုင်ငံ လိုအပ်နေတာကတော့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိဖို့ ၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့အပြည်ပြည်ဆိုင်ရာ အကူအညီတွေပဲ ဖြစ်တယ်လို့လည်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဒါအပြင် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်တဲ့ သူတွေကိုလည်း ဒီပိတ်ဆို့ အရေးယူမှုတွေဟာ ပြန်ချမှတ်နိုင်တဲ့အကြောင်းကိုလည်း သတိပေး ပြောကြားထားပါတယ်။ အမှန်စင်စစ်တော့ နော်ဝေးအစိုးရအနေနဲ့ အရေးယူမှုတွေကို ဆိုင်းငံ့လိုက်တာပဲ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။ နော်ဝေးနိုင်ငံဟာ
 မြန်မာနိုင်ငံက သစ်ဝယ်ယူ တင်သွင်းမှုကို အဓိကပိတ်ပင်တားမြစ်ထားတာဖြစ်ပြီး အခုလို စီးပွါးရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ လက်နက်ရောင်းချမှုကိုတော့ ဆက်လက် ပိတ်ပင် တားဆီးထားဦးမှာလဲဖြစ်ပါတယ်။

----------------------------------------------

သြစတြေးလျ ကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ စီမံခန့်ခွဲရေး (TGA) က မှတ်ပုံတင်ခွင့် ပြုချက်မလုပ်ထားတဲ့ မြန်မာ့ တိုင်းရင်းဆေးတွေကို ၀ယ်ယူ အသုံးမပြုဖို့ အတွက် သတိပေး


သြစတြေးလျ ကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ စီမံခန့်ခွဲရေး (TGA) က မှတ်ပုံတင်ခွင့် ပြုချက်မလုပ်ထားတဲ့ မြန်မာ့ တိုင်းရင်းဆေးတွေကို ၀ယ်ယူ အသုံးမပြုဖို့ အတွက် သတိပေး လိုက်ပါတယ်။ အဲဒီတိုင်းရင်းဆေးတွေက ကလေးအစာကြေဆေးနဲ့ အားဆေးတွေဖြစ်တယ်လို့လည်း သြစတြေးလျ အစိုးရရဲ့ ကျန်းမာရေးဌာန ကုထုံးဆိုင်ရာ ကုန်ပစ္စည်းများ စီမံခန့်ခွဲရေး အင်တာနက် စာမျက်နှာမှာ ရေးသားထားပြီး အဲဒီ ဆေးတွေမှာ အာဆင်းနစ်ဓာတ်တွေအများဆုံး ပါဝင်နေတာကို စမ်းသပ်တွေ့ရလို့ အခုလို ပိတ်ပင်တာလို့လည်း ဆိုပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အကြီးမြို့တမြို့ဖြစ်တဲ့ ဆစ်ဒနီမှာရှိတဲ့ မြန်မာဆိုင်အတော်များများမှာ တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေပြီးတော့ မြန်မာ အသိုင်းအ၀န်းကလည်း ဒီဆေးဝါးတွေကို ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနေပြီး အဲဒီဆေးတွေ ကြောင့် ဖျားနာတာတွေကိုတော့ စစ်ဆေး မတွေ့ရဘူးလို့လည်း ဆိုပါတယ်ခင်ဗျာ။


------------------------------------------------------------------

 မြန်မာနိုင်ငံက အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်အများအပြား ကို ပြည်ဝင်ခွင့်ပိတ်ပင်ထားရာက ပြည်ဝင်ခွင့် ပြန်ပေး

မြန်မာနိုင်ငံက အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်အများအပြား ကို ပြည်ဝင်ခွင့်ပိတ်ပင်ထားရာက ထက်ဝက်ကျော်ကို ပြည်ဝင်ခွင့် ပြန်ပေးဖို့ သြစတြေးလျနိုင်ငံကလည်း ဒီလ ၁၆ ရက်နေ့ကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲ့ဒီမှာတော့ သမ္မတ ဦးသိန်းစိန် အပါအဝင် လူပုဂ္ဂိုလ် ၂၆၀ ဦး အပေါ် ချမှတ် အရေးယူထားတဲ့ ပိတ်ဆို့မှု တွေကို ရုပ်သိမ်းလိုက်တာပါ။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်တယ်လို့  ယူဆရတဲ့ စုစုပေါင်းလူ ၁၃၀ လောက် ကိုတော့ အရေးယူခံရသူစာရင်းထဲမှာ ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားထားပါတယ်။ သြစတြေးလျအစိုးရအနေနဲ့ မြန်မာ အတိုက်အခံတွေအပါအ၀င် အခြားအခြားသော နိုင်ငံတွေကို တိုင်ပင်ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါအပြင် သမ္မတ ဦးသိန်းစိန် ဟာ တကယ်ပဲ ရိုးသားဖြောင့်မတ်သူ ဖြစ်တယ်လို့ ထင်တဲ့အကြောင်းနဲ့ ဒီအတွက် သူ အကျိုး ခံစားထိုက်တယ်လို့  မိမိအနေနဲ့ ယူဆကြောင်း ဖြေလျှော့လိုက်တာလို့ဆိုပါတယ်။ ဒါပေမဲ့လည်း လိုအပ်မယ်ဆိုရင် ပိတ်ဆို့ အရေးယူမှုတွေကို အချိန်မရွေးပြန်လည်ချမှတ် နိုင်ကြောင်းလည်း သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်ခင်ဗျာ။


DVB TV News
 

0 comments: