စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 18, 2012

မြန်မာအစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖင်လန်နိုင်ငံက ကူညီဆောင်ရွက်သွားမယ်


မြန်မာအစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖင်လန်နိုင်ငံက ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖင်လန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့ ခေါင်းဆောင် လွှတ်တော်အမတ် Mr. Kimmo Kiljunen ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး
မြန်မာအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို ထိုင်း-မြန်မာနယ်စပ်ကို
သွားရောက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ ရန်ကုန်မြို့မှာ လာမယ့် ဇွန်လ ပထမပတ် အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တခု ကျင်းပနိုင်ဖို့ ဖြစ်တယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီ ညှိနှိုင်းဆွေးနွေးပွဲကို မြန်မာအစိုးရ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျွမ်းကျင်သူတွေနဲ့ ငြိမ်းချမ်းရေး သုတေသန လုပ်ဆောင်နေ
သူတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားမယ်လို့ သိရပါတယ်။

RFA Burmese
 

0 comments: