စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 1, 2012

စီဒီအမ်အေဖုန်းများ သတ်မှတ်ချက်ပြည့်ပါက ရပ်နားမည်ဖြစ်ပြီး ဂျီအက်စ်အမ်ဖုန်းများသာ ဆက်လက်ချပေးသွားမည်

စီဒီအမ်အေဖုန်းများကို သတ်မှတ်အလုံးရေပြည့်ပါက ရပ်နားသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် ဂျီအက်စ်အမ်ဖုန်းများကိုသာ ဆက်လက်ချပေးသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

"စီဒီအမ်အေဖုန်းတွေ သတ်မှတ်အလုံးရေပြည့်ရင် ထပ်ချပေးဖို့ မရှိတော့ပါဘူး။ နောက်ပိုင်းမှာ ဂျီအက်စ်အမ်ဖုန်းတွေကိုပဲ ဆက်ချပေး သွားမှာပါ။ စီဒီအမ်အေ ၄၅၀ ဖုန်းဆိုရင် Voice Only ပဲရသွားမှာဖြစ်ပြီး Data ရဖို့မရှိပါဘူး။ ဒါကြောင့် စီဒီအမ်အေ ၄၅၀ မှာအင်တာနက်ရလာဖို့မရှိဘူး။ ဒါကလည်းစီဒီအမ်အေ၄၅၀ အတွက် စက်ပစ္စည်းတွေတပ်ဆင်ကတည်းက Voice Only ပဲတပ်ဆင်ခဲ့လို့ပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စီဒီအမ်အေဖုန်းတွေထက် ဂျီအက်စ်အမ်ဖုန်းတွေက နည်းပညာပိုင်းအရရော၊ ကျန်းမာရေးအရပါပိုကောင်းပါတယ်။ စီဒီအမ်အေဟန်းဆက်တွေက ဘက်ထရီအကုန်မြန်တာ၊ ပိုပူတာ၊ လိုင်းဆွဲအားပိုပြင်းတာ၊ လုပ်ဆောင်ချက်မစုံလင်တာစတဲ့ အားနည်းချက်တွေရှိပြီး အသုံးပြုသူကိုလည်း သက်ရောက်မှုတွေပိုများပါတယ်။ ဂျီအက်စ်အမ်ဟန်းဆက်တွေကတော့ လုပ်ဆောင်ချက်ပိုစုံပြီး လှိုင်း၊ ကြိမ်နှုန်းတွေအရလည်း အသုံးပြုသူကိုသက်ရောက်မှု နည်းတယ်။ ရေရှည်မှာ စီဒီအမ်အေဟန်းဆက်တွေက အသုံးပြုသူအပေါ် ကျန်းမာရေးထိခိုက်မှု ပိုဖြစ်စေပါတယ်။ နောက်ပြီး စီဒီအမ်အေဟန်းဆက်တွေက ချွတ်ယွင်းမှု ပိုဖြစ်လွယ်တယ်။ ဂျီအက်စ်အမ်က တစ်ကမ္ဘာလုံးက စံနှုန်းအနေနဲ့ သုံးနေတဲ့စနစ်တစ်ခုဖြစ်ပြီး 3G, 4G အဆင့်မြှင့်တင်ပေးသွားမယ်ဆိုရင် သုံးရတာ အရမ်းကောင်းလာမှာပါ" ဟု မိုဘိုင်းဖုန်းဆိုင်တစ်ခုမှ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဂျီအက်စ်အမ် မိုဘိုင်းဖုန်း သန်း၃၀ စီမံကိန်းအရ ပထမနှစ်တွင် ဖုန်းအလုံးရေလေးသန်း၊ ဒုတိယနှစ်တွင်ဖုန်းအလုံးရေ ငါးသန်း၊ တတိယနှစ်တွင်ခြောက်သန်း၊ စတုတ္ထနှစ်တွင်ခုနစ်သန်းနှင့် ပဉ္စမနှစ်တွင် ဖုန်းအလုံးရေ ရှစ်သန်းစသဖြင့် ချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကာလအတွင်း၌ပင် ဂျီအက်စ်အမ်စနစ်ကို 4G အထိ အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments: