စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 10, 2012

၀၁-၇၂၊ ၀၉-၂၀၊၀၉-၉၉နှင့် ၀၉-၉၀ အစရှိသည့် မိုဘိုင်းဖုန်းများအား ရက်အကန့်အသတ်ဖြင့် လဲလှယ်ပေးနေ



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရန်ကုန်ရှိ ၀၁-၇၂၊ ၀၉-၂၀နှင့် ၀၉-၉၉ ၊ ၀၉-၉၀ အစရှိသည့် မိုဘိုင်းဖုန်းများအား ဇန်န၀ါရီလ ၃၁ ရက်နေ့ထိ နှစ်သက်ရာမိုဘိုင်းစနစ်များဖြစ်သည့် GSM, CDMA 450 CDMA-800 များဖြင့် ရက်အကန့်အသတ်ဖြင့် လဲလှယ်ပေးနေကြောင်း သိရှိရသည်။

'"ဒီလို လဲလှယ်ပေးမှုကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အထိပဲ လုပ်ပေးမှာ မဟုတ်ပါဘူး၊ ဖုန်း လဲလှယ်ဖို့ အတွက် သတ်မှတ်ရက်ထပ်မံ တိုးမြှင့် သတ်မှတ် ပေးသွားမှာပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဋ္ဌာနမှ တာဝန်ရှိသူ တစ်ဦးမှ ဆိုသည်။

လက်ကိုင်ဖုန်းလဲလှယ်လိုသူများအနေဖြင့် လဲလှယ်လိုကြောင်း လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာ မြို့နယ် ဆက်သွယ်ရေးလုပ်ငန်းရှိ ငွေစာရင်းဌာတွင် ကြွေးကင်းရှင်းကြောင်း စာရွက်လိုအပ်ကြောင်း သိရှိရသည်။

“ဖုန်းများကို လဲလှယ်မယ် ဆိုရင် ဖုန်းဘီလ် စာအုပ် ၊ စာချုပ်မူရင်း ၊ လာရောက်လျှောက်ထားသူရဲ့ မှတ်ပုံတင် မိတ္တူ နဲ့ မူရင်းတွေကို တင်ပြဖို့ လိုအပ်ပါတယ်”ဟုမြန်မာ့ဆက်သွယ်ရေး မှတာဝန်ရှိသူတစ်ဦး ကပြောသည်။

ရန်ကုန်မြို့မှ တယ်လီဖုန်းလဲလှယ်လိုသူများအနေဖြင့် ရွှေဂုံတိုင် ၊ ပန်းဆိုးတန်း ၊ အလုံ ၊ လမ်း ၄၀ နှင့် ရန်ကုန် စာတိုက်ကြီး အစရှိသည့် စီးပွားရေး ဌာန ၅ ခုတွင် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
နယ်ဒေသများမှ လဲလှယ်လိုပါက သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးခွဲများတွင် ဆောင်ရွက်သွား နိုင်ကြောင်း သိရှိရသည်။

ဥာဏ်ဥာဏ်(မြစ်မခ)

0 comments: