စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

လုပ်အားပေးခိုင်းစေမှုနှင့် ကလေးစစ်သားစုဆောင်းမှုများ ရှိနေဆဲဟု အမေရိကန် သံအမတ်ပြောဆို


ယနေ့ မွန်းလွဲပိုင်းက အမေရိကန် သံရုံးတွင်ကျင်းပသည့် အမေရိကန် လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ သံအမတ် လူးဝစ် စီဒီဘာကာ

မြန်မာနိုင်ငံတွင် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနှင့် ကလေးစစ်သားစုဆောင်းမှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲ ပြဿနာဖြစ်သည်ဟု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေး သံအမတ် လူးဝစ် စီဒီဘာကက အမေရိကန်သံရုံးတွင် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“အစိုးရက လုပ်အားပေးခိုင်းစေတာတွေ၊ လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ်တာတွေဟာ ဆက်ပြီးဖြစ်ပွားနေတဲ့ ပြဿနာပါ။ နောက်ပြီး ကလေးစစ်သားစုဆောင်းမှုတွေဟာလည်း ဆက်ပြီးဖြစ်ပွားနေပါတယ်” ဟု သံအမတ် စီဒီဘာကာက သတင်းစာဆရာများအား ပြောပြသည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသည်ဆိုသော်လည်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ထုတ်ပြန်ထားသည့် ကမ္ဘာတ၀န်း လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာတွင် တိုက်ဖျက်နိုင်မှု အနိမ့်ဆုံးအဆင့် (အဆင့်၃) ထဲတွင် ဆက်လက်ပါဝင်နေဆဲဖြစ်ပြီး ယင်းအဆင့်မှ အထက်သို့ တက်နိုင်အောင် တိုက်ဖျက်မှုများကို တိုးမြှင့်လုပ်ဆောင်ပြရဦးမည်ဖြစ်ကြောင်းလည်း မစ္စတာစီဒီဘာကာက ရှင်းပြပြောဆိုသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများအဆိုအရ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်လူကုန်ကူးခံရသူများ အရောင်းစားအခံရဆုံး နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံများဖြစ်ပြီး လူကုန်ကူးခံရသူများမှာ ယင်းနိုင်ငံများရှိ စီးပွားရေးလုပ်ငန်း၊ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြရသည်ဟုဆိုသည်။

နယ်စပ်ဖြတ်ကျော်လူကုန်ကူးခံရမှု အားလုံးအနက် အမျိုးသမီးရှားပါးသော တရုတ်နိုင်ငံဘက်တွင် မြန်မာအမျိုးသမီးများကို ဇနီးမယားအဖြစ် အရောင်းစားခံရမှုမှာ အများဆုံးဖြစ်သည်ဟု လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ကဆို သည်။
၂၀၁၀ ခုနှစ်အတွင်း တရုတ်ပြည်သို့ မြန်မာ အမျိုးသမီးများ အရောင်းစားခံရသည့်ဖြစ်ရပ်မှာ ထိုနှစ်တစ်နှစ်လုံး နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းအထိပင်ရှိကြောင်း ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UN Inter-Agency Project (UNIAP) အဖွဲ့က ဆိုသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဦးက “လူကုန်ကူးမှုကို တိုက်ဖျက်တဲ့နေရာမှာ ကျမတို့ဘက်အခြမ်း (မြန်မာဘက်) ကချည်းပဲ လုပ်နေလို့ မလုံလောက်ဘူး” ဟု ဆိုသည်။

“လူကုန်ကူးခံရတဲ့သူတွေရဲ့ ခရီးဆုံးနိုင်ငံတွေဘက်ကလည်း ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ကြဖို့လို တယ်၊ ဈေးပေါပေါနဲ့ ရလို့ဆိုပြီး ခိုင်းနေတဲ့၊ ခေါင်းပုံဖြတ်နေတဲ့ စက်ရုံအလုပ်ရုံတွေကို တစ်ဘက်နိုင်ငံတွေက ထိထိရောက်ရောက်အရေးယူအောင် အဲဒီနိုင်ငံတွေကိုလည်း ဖိအားပေးသင့်တယ်” ဟု အဆိုပါအရာရှိက ဖြည့်စွက်ပြောဆိုသည်။

မြန်မာနိုင်ငံဘက်မှ လူကုန်ကူးမှုတိုက်ဖျက်ရေး (ခေတ်သစ်ကျေးကျွန်ပြုမှုများအား တိုက်ဖျက်ရေး) အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သော မစ္စတာစီဒီဘာကာက နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများကို အာရုံစိုက်တိုက်ဖျက်နေသည့် တစ်ချိန်တည်းတွင် တိုင်းပြည်အတွင်းမှာပင် ဖြစ်ပေါ်နေသည့် ခေတ်သစ်ကျေးကျွန်ပြုမှုများကိုလည်း ရှာဖွေဖော်ထုတ်တိုက်ဖျက်သင့်ကြောင်း တိုက်တွန်းပြောဆိုသွားသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ဒီဇင်ဘာလဆန်း၌ မြန်မာနိုင်ငံသို့လာရောက်ပြီး ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။ အမေရိကန် အစိုးရက ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုကို ရုပ်မသိမ်းသေးသော်လည်း နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီအချို့ကိုပေးရန် သဘောတူခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီး၏ ခရီးစဉ်အပြီး တလကျော်အကြာတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချဲလ်၊ အထက်လွှတ်တော်အမတ်နှင့် ယခု မစ္စတာ ဒီဒီဘာက တို့လာရောက်ကြခြင်း ဖြစ်သည်။ ။

Yangon Press International

0 comments: