စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

မွန်ပြည်သစ် အပစ်ရပ်ရေး မဆွေးနွေးနိုင်သေး

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီညီလာခံ အပြီးတွင် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲနှင့် လုံးပမ်းရမည် ဖြစ်သည့် အတွက် ဇန်နဝါရီလအတွင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စ မဆွေးနွေးနိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ က ပြောသည်။

“ညီလာခံ ပြီးစပဲ ရှိသေးတယ်။ ကျနော်တို့ဘက်မှာ ဘာမှ ပြင်ဆင်ထားတာ မရှိသေးဘူး။ ဘာအစီအစဉ်မှလည်း မရှိသေးဘူး။ ဒီလပိုင်း ၂ဝ ရက်နေ့ ကြားမှာလည်း ကျနော်တို့ ရှုပ်နေလို့ အချိန်မပေးနိုင်သေးဘူး” ဟု ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ပါတီဌာနချုပ် ရှိရာ ရေးချောင်းဖျားဒေသတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်နဝါရီလ ၇ ရက်နေ့ထိ အဋ္ဌမအကြိမ်
မြောက် ပါတီညီလာခံ ကျင်းပခဲ့ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂ဝ ရက်နေ့ထိ လွတ်မြောက်နယ်မြေ တနေရာ တွင် ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို ကျင်းပမည် ဖြစ်သည်။


ပါတီမှ အနားယူခြင်းနှင့် ကွယ်လွန်ခြင်းကြောင့် လစ်လပ်သွားသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဗဟိုကော်မတီနေရာကို အဋ္ဌမအကြိမ် ပါတီညီလာခံတွင် မွန်ပြည်သစ်ပါတီက အစားထိုး ရွေးချယ်လိုက်သည်။ (ဓါတ်ပုံ - မဇ္ဈိမ)

မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲသည် မွန်အမျိုးသားထု တရပ်လုံးအတွက် အမြင့်ဆုံး နှီးနှောဖလှယ်ပွဲ ဖြစ်ပြီး မွန်ပြည်သစ် အပါအဝင် ပြည်တွင်း ပြည်ပရှိ မွန်နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ စသည်တို့ တက်ရောက်ကြမည် ဖြစ်ကာ အပစ်အခတ် ရပ်စဲရေးကိစ္စကို အဓိက အကြောင်းအရာတခုအဖြစ် ဆွေးနွေးဖွယ် ရှိသည်။

အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ အစိုးရ ကိုယ်စားလှယ်များ
နှင့် ၂ဝ၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပထမအကြိမ် ပဏာမ ဆွေးနွေးစဉ်က အစိုးရဘက်မှ ကိုယ်စားလှယ်များက ၂ဝ၁၂ ဇန်နဝါရီလအတွင်း ထပ်မံ ဆွေးနွေးနိုင်ရန် မွန်ပြည်သစ်ကို ကမ်းလှမ်းခဲ့သည်။

ထိုစဉ်က မွန်ပြည်သစ်ဘက်မှ ဌာနချုပ်တွင် ကျင်းပလျက် ရှိသည့် ညီလာခံသို့ တင်ပြပြီးမှသာ အကြောင်းပြန်မည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွန်ပြည်သစ်အနေနှင့် ညီညွတ်သည့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မူကို ဆုပ်ကိုင်ထားကာ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်လိုပြီး၊ အပစ်အခတ် ရပ်စဲပြီးပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးနှင့် နိုင်ငံရေးအရ အမြန်ဆုံး တွေ့ဆုံဆွေးနွေးမှသာ ငြိမ်းချမ်းရေးကို
ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။

“အရင် ဆွေးနွေးခဲ့တုန်းကလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပြီး။ ကျနော်တို့ ရင်းနှီးမှု နားလည်မှု ရဖို့ အတွက် အပစ်အခတ် ရပ်စဲမယ်ဆိုရင် စစ်ဖြစ်နေတဲ့ ဒေသအားလုံးမှာ တချိန်တည်း ရပ်စဲနိုင်အောင် အရင်လုပ်ပါ လို့။ တချို့နေရာတွေမှာ အပစ်ရပ်ပြီး၊ တချို့နေရာတွေမှာ ဖိတိုက်နေတာမျိုးတော့ မဖြစ်သင့်ဘူး” ဟု နိုင်ဟံသာက
ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း UNFC အဖွဲ့ဝင် ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်များမှာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လျက် ရှိသည်။

UNFC က တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လိုလားသော်လည်း အဖွဲ့ဝင် ဖြစ်သည့် ချင်းအမျိုးသား တပ်ဦး (CNF) မှာ ဇန်နဝါရီလ ၆ ရက်နေ့က အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရ ကိုယ်စားလှယ်များနှင့် လက်မှတ်ရေးထိုးခဲ့သည်။

အလားတူ ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ် UWSA၊ မိုင်းလား အထူးဒေသ-၄၊ ရှမ်းပြည်တပ်မတော် RCSS/ SSA တို့မှာလည်း အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးခဲ့ကြသည်။

၎င်းပြင် UNFC အဖွဲ့ဝင် ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ကြာသပတေးနေ့တွင်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ကိုယ်စားလှယ်များနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင် ဟိုတယ်၌ အပစ်ရပ်ရေးအတွက် ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်သည်။

“ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းသည် တိုင်းရင်းသားလူမျိုးစုများနှင့် မြန်မာအစိုးရကြား အချိန်ကြာမြင့်စွာ တည်ရှိခဲ့ပြီ
ဖြစ်သော နိုင်ငံရေးပဋိပက္ခ ပြေလည်ရေးအတွက် ပထမဆုံးသော ခြေလှမ်းတရပ်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ပဏာမဆွေးနွေးမှု လုပ်ဆောင်ချက်တရပ်ဖြစ်သည်” ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော KNU သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်ပြီး တပ်မဟာ
ခေါင်းဆောင်အများပါ ကိုယ်စားလှယ်အဖွဲ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်း ဦးစီးအဖွဲ့နှင့်
တွေ့ဆုံမည် ဖြစ်သည်။

မဇ္ဈိမ

0 comments: