စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 17, 2012

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အင်းလျားကန်မှာ ငါးလွှတ်ပြီး ကမ္ဘာအေး ဘုရားမှာ ဝတ်ပြု ဆုတောင်း




ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်မှာ ငါးလွှတ်ပြီး ကမ္ဘာအေး ဘုရားမှာ ဝတ်ပြု ဆုတောင်းခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုဟာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာရေးနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်း အဖွဲ့လည်း ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ အဖွဲ့ဟာ မြောက်ဥက္ကလာပ မြို့နယ် (၂) ရပ်ကွက်မှာရှိတဲ့ ပဏ္ဍိတရာမ ပရိယတ္တိ ကျောင်းတိုက်မှာ သံဃာတော်အပါး (၁) ရာကျော်ကို အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းပြီးနောက် သက်ကြီး ပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးအုန်းမောင်၊ ဦးညွှန့်လွင် အပါအဝင် အသက် (၇ဝ) အထက် ဘိုးဘွားဦးရေ ၂ ရာကျော် တက်ရောက်ခဲ့ပါတယ်၊

0 comments: