စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 17, 2012

ဒေါ်အောင်ဆန်းစုကြည် နှစ်ဆန်းတစ်ရက် ကော့မှုးခရီးစဉ်






NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ကော့မှူးမြို့နယ် NLD အဖွဲ့က ကျင်းပတဲ့ နှစ်သစ်ကူး အခမ်းအနားကို တက်ရောက်ပြီး သက်ကြီးရွယ်အိုတွေကို အလှူအတန်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီ အလှူပွဲမှာ ကော့မှူးနယ် ဒေသ ဖွံ့ဖြိုးရေးအတွက်
ဒေါ်အောင်ဆန်းစုကြည် က ရန်ပုံငွေ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ ကွယ်လွန်သူ မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည်အတွက် ရည်စူးပြီး ထူထောင်ထားတဲ့ “ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း” အနေနဲ့ လှူဒါန်းတာ ဖြစ်ပြီး ကော့မှူးမြို့နယ်အတွင်း ကျေးရွာ အုပ်စု (၆၂) စုထဲက ရွာ (၃) ရွာကို မဲနှိုက် ရွေးချယ်ခဲ့ပါတယ်။

ဝါးဘလောက်သောက် ကျေးရွာအုပ်စု- ကမာပတ် ကျေးရွာက ပထမ ဆုမဲ၊ ဆားတိုင်မွတ် ကျေးရွာက ဒုတိယနဲ့ ပုပ္ပါးကျေးရွာက တတိယ အသီးသီး ရရှိသွား ပါတယ်။ လှူဒါန်းငွေ ကျပ်သိန်း ၃ ရာထဲက ပထမဆု ၁၇၅ သိန်း ၊ ဒုတိယဆု ၇၅ သိန်း နဲ့ တတိယဆု သိန်း ၅၀ ကို ဆုရတဲ့ ကျေးရွာတွေရဲ့
ဒေသဖွံ့ဖြိုးရေး အတွက် အသုံးပြုဖို့ ဒေါ်အောင်ဆန်းစုကြည်က လှုဒါန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ လိုက်ပါသွားကြတဲ့ လူမင်း၊ ဝေဠုကျော်၊
ဆောင်းဦးလှိုင်၊ သျှီ၊ သံသာဝင်း စတဲ့ ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေက
ကော့မှူး ဒေသခံတွေကို ဖျော်ဖြေခဲ့ကြပါတယ်။ ကော့မှူး မြို့နယ်ဟာ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်မြေ ဖြစ်ပါတယ်။

0 comments: