စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, April 12, 2012

မြန်မာလုပ်သားတွေအတွက် အကာအကွယ်ပေးမယ့် သဘောတူညီချက်များ လိုအပ်

(ဓာတ်ပုံ-- မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော
နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။ ၂၀၁၁ ခုနှစ် ခန့်မှန်းချက်များအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြသည်။)

မလေးရှားကို မြန်မာအိမ်ဖေါ်အလုပ်သမားတွေစေလွှတ်မယ်ဆိုရင် မြန်မာအလုပ်သမားတွေရဲ့ အခွင့်ရေးကို အကာကွယ်ပေးနိုင်မယ့် အခြေခံ
သဘောတူညီချက်တွေကို မလေးရှားအစိုးရနဲ့ ဦးစွာ ကတိက၀တ်
ပြုထားဖို့ လိုကြောင်း မလေးရှားနိုင်ငံမှာ မြန်မာ အလုပ်သမားအရေး
ဆောင်ရွက်ပေးနေတဲ့ Burma Campaign Malaysia အဖွဲ့က သမ္မတ ဦးသိန်းစိန်အစိုးရကို ပေးတဲ့ အိပ်ဖွင့်ပေးစာထဲမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ မလေးရှားအစိုးရတို့ အကြား အိမ်ဖေါ်အလုပ်သမားတွေ အတွက် MOU ခေါ်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးတဲ့အခါ
ပါဝင်သင့်တဲ့အချက်တွေကို ဒီအိပ်ဖွင့်ပေးစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒီအိပ်ဖွင့်ပေးစာထဲမှာ နိုင်ငံတကာအလုပ်သာမားအဖွဲ့ချုပ် ILO ရဲ့ သတ်မှတ်ချက်တွေကို အခြေခံပြီး၊ ပါဝင်သင့်တဲ့ အချက်အလက်တစ်ချို့ကို
ဖေါ်ပြထားပါတယ်။

ဥပမာ မြန်မာအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်နဲ့ လွတ်လွတ်လပ်လပ် စာချုပ်ခွင့် ရှိရမယ်၊ လုပ်ကိုင်ရမယ့် အလုပ်အမျိုးအစားနဲ့ အလုပ်ချိန်ကို တိတိကျကျ သတ်မှတ်စာချုပ် ထားရမယ်၊ အလုပ်လုပ်ရမယ့်အလုပ်ခွင် အနေအထား၊ ရမယ့်လစာ စတာတွေကို မလေးရှားကို မသွားရောက်မီ
ကတည်းက မြန်မာအလုပ်သမား နဲ့ မလေးရှားအလုပ်ရှင်တို့
သဘောတူ စာချုပ်ထားရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အလုပ်သမား ရှာဖွေရေး ကုမ္ပဏီတွေအနေနဲ့လည်း
ဒီအချက်တွေကို ကြိုတင်စာချုပ်နိုင်အောင်ကူညီဆောင်ရွက်ပေးရမယ် စသည်ဖြင့် ပါဝင်ပါတယ်။

ဒါပေမယ့် ဒီအချက်အလက်တွေကို အာမခံတဲ့ နိုင်ငံတကာသဘောတူညီချက် C189 ကို မလေးရှားအစိုးရက လက်မှတ်ထိုးမထားတဲ့ အတွက် မလေးရှားနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှား၊
ဖိလစ်ပိုင် စတဲ့ အိမ်ဖေါ်အလုပ်သမားတွေဟာ ခါးသီးတဲ့ အတွေ့အကြုံတွေကို
ရင်ဆိုင် ခံစားနေရကြောင်း ကိုလည်း အဲဒီ အိပ်ဖွင့်ပေးစာထဲမှာ သတိပေးဖေါ်ပြထားပါတယ်။

RFA Burmese

0 comments: