ဒီပဲယင်း အကြမ်းဖက်မှုကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကြိုးစား စီစဉ်ခဲ့တယ် ဆိုတဲ့ ဦးခင်ညွန့်ရဲ့ စကားကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ဒီပြောဆိုချက် နဲ့ နောက်ဆက်တွဲ တုံ့ပြန်ချက်တွေကို အွန်လိုင်းမီဒီယာမှာ အများက စိတ်ဝင်စားနေကြပါတယ်။
ဒီနေ့တော့ မြန်မာအစိုးရက ဒီအကြောင်းအရာတခုတည်းကိုရှင်းလင်းဖို့ သတင်းထောက်တွေကို ဖိတ်ကြားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ရဲသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်း၊ ဗိုလ်မှူးဟောင်းဝင်းမောင်မောင်တို့က -
ဦးခင်ညွန့်က ဒီလို မပြောခဲ့ဘူး၊
ဘန်ကောက်ပို့စ် သတင်းစာနဲ့လည်း မတွေ့ခဲ့ဘူး
ဆိုပြီး သတင်းထောက်တွေကို ပြောလိုက်ကြောင်း 7Day သတင်းဂျာနယ် Facebook မှာ အခုလေးတင် ဖော်ပြထားပါတယ်။
ဘန်ကောက်ပို့စ်ကို ဧရာဝတီက ဒီအကြောင်း ဆက်သွယ် မေးမြန်းရာမှာ - ဦးခင်ညွန့်နဲ့ဓာတ်ပုံတောင် တွဲရိုက်ခဲ့ပါသေးတယ်လို့ အကြောင်းပြန်ပါတယ်။
ဦးခင်ညွန့်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရဟန်းဝတ်သွားပါတယ်။ တပတ်ကြာပါမယ် တဲ့။
သင်္ကြန်အပြီး လူဝတ်လဲပြီးမှ ဒီဆူဆူညံညံကိစ္စကို ရှင်းလည်း ရတာပဲ မဟုတ်လား၊ ဘာကြောင့် အစိုးရက ရုတ်တရက်ကြီး သတင်းစာရှင်းလင်းပွဲ လုပ်ရတာလဲလို့ တချို့က မေးခွန်းထုတ်နေကြပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပဲယင်းမှာ လူဘယ်လောက် သေဆုံး ဒဏ်ရာရ ထောင်ကျခဲ့တယ် ဆိုတာကို ရှင်းမှာ မဟုတ်သလို ဒီပဲယင်းအကြမ်းဖက်မှုကို ဘယ်သူတွေက စနစ်တကျ အကောင်အထည် ဖော်ခဲ့တယ် ဆိုတာကိုလည်း ရှင်းမယ် မထင်ပါဘူး။
ရဲသတင်းတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲအရ ဆိုရင် ဒီကိစ္စမှာ ဘန်ကောက်ပို့စ်က လုပ်ကြံရေးတယ်၊ လိမ်တယ်ပေါ့။
ဘန်ကောက်ပို့စ် အထောက်အထားတွေအရ ဆိုရင် ဒီကိစ္စမှာ မြန်မာအစိုးရ လိမ်တယ်ပေါ့။
အစိုးရက ဘာကြောင့် ရေးကြီးသုတ်ပျာ လိမ်ရတာလဲ၊ ဗိုလ်ချုပ်ကြီးတွေကြားထဲမှာ ဒီကိစ္စက ဘာကြောင့် အရေးကြီးနေသလဲ။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
ဧရာဝတီ
0 comments:
Post a Comment