စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 11, 2012

အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်ခတ်သွား

ယနေ့ညနေ ၃ နာရီ ၈ မိနစ်အချိန်တွင် ဆူမတြားကျွန်း အနောက်တောင်ဖက် ၂၆၈ မိုင်အတွင်းရှိ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပြီး ဆူနာမီသတိပေးချက်များလည်း ထုတ်ပြန်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများသို့ ယနေ့ညနေ ၆ နာရီနှင့် ၆ နာရီခွဲအချိန် ၀န်းကျင်အတွင်း ရောက်ရှိလာနိုင်သောကြောင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများမှာ အနည်းဆုံးအမြင့် (၁၀)မီတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်ပြီး ယခု ဆူနာမီလှိုင်းအမြင့်ပေ ခြောက်မီတာခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဦးထွန်းလွင်ကဆိုထားသည်။

ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မြည်လာလေ့ရှိသည်ဟု ဦးထွန်းလွင်က အကြံပြုထားသည်။

ဦးထွန်းလွင်၏ ခန့်မှန်းချက်ကို http://www.tunlwin.com/latestdetail.php?myanmar=747 တွင်သွားရောက်ကြည့်ရှုနိုင်သည်။

0 comments: