စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, April 6, 2012

အိုးဝေစာစောင်ကို ပထမဦးဆုံးအကြိမ် ပြန်လည် ပုံနှိပ်ထုတ်ဝေ


လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး သမိုင်းဝင် စာစောင်တစ်စောင်ဖြစ်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အိုးဝေစာစောင်ကို အခုလက်ရှိ တာဝန်ယူနေတဲ့ ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေက ပထမဦးဆုံးအကြိမ် ပြန်လည် ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။

အခုပြန်လည်ထုတ်ဝေတဲ့ အိုးဝေစာစောင်ကို အုပ်ရေ (၁၀၀၀) ရိုက်နှိပ်ထားပါတယ်။ စာစောင်ကို ခုရက်ပိုင်းအတွင်း ဖြန့်ချိထားပါတယ်။ အခု အိုးဝေစာစောင်မှာ အရင်က တကသ အမှုဆောင်တွေရေးတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းစဉ်ဆောင်းပါးတွေ၊ အခုလက်ရှိ ကျောင်းသားသမဂ္ဂ အမှုဆောင်တွေရဲ့ကဗျာ၊ ဆောင်းပါးတွေ ပါဝင်ထားပါတယ်။ စာစောင်ကို ကိုရှိန်းရာဇာထွန်းက အယ်ဒီတာအဖြစ် တာဝန်ယူထားပြီး ပုံမှန်ထုတ်ဝေသွားဖို့ စီစဉ်ထားသလို စာစောင်ရောင်းရ အမြတ်ငွေကို ကျောင်းသားသမဂ္ဂ ရန်ပုံငွေအဖြစ် သုံးစွဲသွားဖို့ရှိနေပါတယ်။


0 comments: