စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 2, 2012

ဧပြီ ၂ ၊ မနက် ၁၂ နာရီ ၄၅ မိနစ် အမေစုနှင့် NLD ပါတီမှ အဖွဲ့သားများ၏ နိုင်ငံကြီးသားပီသသော လုပ်ရပ်များ

ဧပြီ ၂ ၊ ည ၁၂:၃၀ လမ်းပိတ်ထားသည့်နေရာတွင် အုပ်စုလိုက် ဟစ်ကြွေးနေကြစဉ်


လမ်းထောင့်တွင် ဟစ်ကြွေးနေသူ လူငယ်များအား NLD ပါတီ အဖွဲ့သားများမှ အမေစု၏ သတိပေးလက်ကမ်းစာစောင်များအား လိုက်လံဝေငှပြီး အိမ်ပြန်ကြဖို့ နှိုးဆော်ခဲ့ပါတယ်။ အမေစုကို ချစ်ရင်ပြန်ကြမယ်၊ သိက္ခာရှိရှိ အောင်ပွဲခံကြမယ် လို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်တွန်းရင်း ပြန်သွားကြပါတယ်။

အချို့ကလည်း ကြောက်လို့ပြန်တာ မဟုတ်ဘူး၊ အမေစုကိုချစ်လို့ ပြန်တာ လို့ ဟစ်ကြွေးပြီး ပြန်သွားကြပါတယ်။

အားလုံးပြန်သွားပြီးတဲ့နောက် လမ်းမပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများကို လက်ကမ်းစာစောင်ဝေခဲ့သူ သုံးဦးမှ လိုက်လံကောက်ယူ ရှင်းလင်းပေးနေသည်ကို လေးစားဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

အခုလို ထိန်းသိမ်းပေးသော အမေစုနှင့် NLD ပါတီမှ အဖွဲ့သားများ၏ နိုင်ငံကြီးသားပီသသော လုပ်ရပ်များကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်အတွက် အလွန် ကျေနပ်ပီတိဖြစ်မိပါသည်။
အသံပါ ကြားချင်သူများအတွက် ဗီဒီယိုပါ တင်ပေးလိုက်ပါတယ်



 
Nay Thiha

0 comments: