စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 10, 2012

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက်မှာရှိတဲ့ ဟေမ၀န်ဈေး မီးလောင်မှု ဖြစ်ပွား








ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက်မှာရှိတဲ့ ဟေမ၀န်ဈေးမှာ ဒီနေ့ ဧပြီ (၁၀)ရက်နေ့ မနက် (၁)နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဈေးတ၀က်လောက် မီးထဲပါသွားတယ်လို့  မီးသတ် ဌာနက ပြောပါတယ်။ မီးလောင်မှုကြောင့် ဈေးဆိုင်ထွက်နေတဲ့ ဆိုင်ခန်းပေါင်း ၃၀၀ ကျော် မီးထဲပါ သွားပြီး ဈေးဆိုင် မထွက်တဲ့ ဆိုင်ခန်းတွေပါပေါင်းရင် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်လောက် မီးထဲပါ သွား တယ်လို့ တောင်ဥက္ကလာ ပ မီးသတ်ဌာနက ပြောပါတယ်။ ဈေးရုံ ၂၄ ရုံမှာ ရုံ ၂၀ လောက် မီးလောင် သွားပြီး အထည်ဆိုင်တန်း၊ အလှကုန်ဆိုင်တန်းနဲ့ ရွှေဆိုင်တန်း အပါအ၀င် ကုန်စိမ်းတန်း၊ သားငါး တန်းနဲ့ ဘေထုတ် အ၀တ် အစားတွေ ရောင်းချတဲ့ ဆိုင်တွေ မီးထဲပါ သွားတယ်လို့လည်း သိရပါတယ်။ မီးလောင်ရခြင်း အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပဲလို့ မီးသတ်ဦးစီးဌာနက ပြောပါ တယ်။

0 comments: