စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, April 3, 2012

တုနှိုင်း၍မရသောပီတိတစ်စုံတရာ







၂၀၁၂ ခုနှစ်၊ ဧပြီလ ( ၂ ) ရက် (တနင်္လာ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ လာအိုနိုင်ငံ(ဗုဒ္ဓဘာသာလူမှုရေးအဖွဲ့များကို လေ့လာသော လာအိုဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအဖွဲ့) မှ (နေ့လည် ၁၂း၀၀)နာရီအချိန်တွင် လာရောက် လေ့လာခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများ ပြည်သူတို့အပေါ် ကူညီဖေးမမှု ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များကို လိုက်လံ၍ အသင်းကြီး၏ လှုပ်ရှားလုပ်ဆောင်မှု ပုံရိပ်များအား ရှင်းလင်းပြသခဲ့ကာ နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင် သင်ကြားနေသော သင်တန်းများ၊ စာရင်းကိုင် (LCCI)သင်တန်းခန်းမ တွင်သင်ကြားမှုများကို လိုက်လံ ပြသခြင်း၊ သုခအလင်းစာကြည့်တိုက်ကို လိုက်လံကြည့်ရှု လေ့လာခြင်း၊ နာရေးကူညီမှု ယာဉ်များအား လိုက်လံလေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် သုခအလင်းစာကြည့်တိုက်ရှိ စာအုပ် စာပေများကို လိုက်လံကြည့်ရှု လေ့လာခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အစည်းအဝေးခန်းမတွင် အပူဇော်ခံထားရှိသော ဗုဒ္ဓဆင်းတုတော်များ နှင့်သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓစွယ်တော်ပွားတစ်ဆူအား ဖူးမျှော်ကန်တော့ခဲ့ကြပြီး အကျွတ်အလွတ် စေတီတည်ထားကိုးကွယ်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကာ ဥက္ကဌဦးကျော်သူအား ဗုဒ္ဓစာပေစာအုပ်များကို ဓမ္မဒါနအဖြစ် ပေးအပ်သွားခဲ့သည်။ ထို့ပြင် နာရေးကူညီမှုလုပ်ငန်းတွင် အသုံးပြုသော အထောက်အကူပစ္စည်းများအား လိုက်လံ ကြည့်ရှုခြင်း နှင့် သုခကုသိုလ်ဖြစ် ဆေးခန်းတွင် ဆေးဝါးကုသမှုများကို စိတ်ဝင်တစား လေ့လာ ကြည့်ရှုခဲ့ကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဥက္ကဋ္ဌ-ဦးကျော်သူ၊ ဒုဥက္ကဋ္ဌ-ဒေါ်သန်းမြင့်အောင် နှင့် အသင်းသား/သူများအား လာအိုဘုန်းတော်ကြီးများမှ မိမိတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လုပ်ဆောင်ချက်များ ကောင်းသတင်းများကို ကြားသိရ၍ မိမိတို့လာရောက်လေ့လာမှု ပြုလုပ်လိုသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုမှမိမိတို့၏ ဆန္ဒများ ပြည့်ဝခဲ့ပြီး ဖြစ်ကြောင်း ၀မ်းသာအာရ ပြောဆို နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ယင်းကဲ့သို့ လာအိုဘုန်းတော်ကြီးများ ၏ လေ့လာရေး ခရီးစဉ်သည် မြတ်ဗုဒ္ဓ၏ ဗြဟ္မာစိုရ် တရားလေးပါး လက်ကိုင်ပြုကျင့်သုံးနေသော မြတ်စွာဘုရား နှစ်သက်သော လုပ်ငန်းရပ်များကို မြတ်ဗုဒ္ဓ၏ သားတော်များမှ လာရောက်ချီးမြှင့် အားပေးခြင်းကို ခံခဲ့ရကာ ကျွန်တော်တို့၏ စိတ်ဝယ် တုနှိုင်း၍မရသော ပီတိတစ်စုံတရာကို ခံစားမိ ပါတော့သည်။

Kyaw Thu

0 comments: