အမေရိကန်သမ္မတ အိုဘားမားကလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို မြန်မာပြည်သူတွေရဲ့ အောင်ပွဲတစ်ရပ်အဖြစ် ချီးကျူး ဂုဏ်ပြု လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ အတွက် ၀မ်းမြောက်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူတဲ့မူဝါဒနဲ့ပတ်သက်လို့တော့ အခြေအနေတွေကို သုံးသပ်နေဆဲ ရှိ သေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး
Victoria Nuland က ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအတွင်း မမှန်ကန်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စုံစမ်းနေဆဲလို့လည်း Victoria Nuland က သတင်းထောက်တွေကို ပြောဆိုပါတယ်။
0 comments:
Post a Comment