စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 2, 2012

ဒီမိုကရေစီခေတ်လို့သာ ပြောတယ်။ ၀န်ကြီးဌာနတွေနဲ့ တော်တော်များများမှာ အခုထက်ထိ ဒီမိုကရေစီ အနှစ်သာရကို မတွေ့နိုင်သေးဘူး




“ဒီမိုကရေစီခေတ်လို့သာ ပြောတယ်။ ၀န်ကြီးဌာနတွေနဲ့ တော်တော်များများမှာ အခုထက်ထိ ဒီမိုကရေစီ အနှစ်သာရကို မတွေ့နိုင်သေးဘူး။ ဒီကိစ္စမျိုးက တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။ မီးကိစ္စက ကြိုတင် plan ရှိရမယ်။ ကြိုတင်ကြေညာရမယ်။ ဘာကြောင့်ပျက်တယ် ဆိုတာပြောရမယ်။

ဘယ်လို အခြေအနေကြောင့် ဒီလိုတစ်နှစ်ကို လေးလလောက် ဖြတ်ပစ်မယ်ဆိုတာ ပြောရမယ်။ အခုတော့ ဘာတစ်ခုမှ မပြောဘဲနဲ့ မီးကိုလေးလအထိ ဖြတ်မယ်။ ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ ၀န်ကြီးဌာနတစ်ခု အနေနဲ့ ပြည်သူလူထုနဲ့ အများကြီးဆိုင်တဲ့ကိစ္စကို ဒီလိုမလုပ်သင့်ဘူး။ အခုအချိန်မှာ နိုင်ငံတကာက By-election ကို အရမ်း အာရုံစိုက်နေတယ်။

ပြည်တွင်းပြည်ပ မီဒီယာတွေ အကုန်လုံး ရောက်နေတယ်။ ဒီအချိန်မှာ မီးဖြတ်တာ နိုင်ငံ့ဂုဏ်သိက္ခာကို ဘယ်လောက်အထိ ထိခိုက်စေတယ် ဆိုတာကို ဘာမှ တွက်ချက်ထားခြင်း မရှိဘူး။ နောက်တစ်ခုက ဧပြီလ ၁ ရက်နေ့ကစပြီး လစာတိုးထားတယ်။ ငွေကြေးကို float လုပ်ထားတယ်။ Inflation က အရမ်းကြောက်စရာ ကောင်းတဲ့ ဒီလို အခြေအနေမျိုးမှာ မီးကို ရုတ်တရက် ဖြတ်လိုက်တာ တိုင်းပြည်စီးပွားရေးကို အင်မတန်ထိုးနှက်ရာ ကျတယ်။

ပြည်သူလူထုကို မစာနာရာ ရောက်တယ်။ အခုနိုင်ငံတကာ image ဘယ်လောက် ထိခိုက်တယ်၊ တိုင်းပြည်စီးပွားရေး ဘယ်လောက်နစ်နာ စေတယ် ဆိုတာကို တွက်ချက်ကြည့်ပါဦး။ အရင် အစိုးရလိုပဲ ဖြတ်လိုက်ပြီဟေ့၊ မလာတော့ဘူးဟေ့။ ဒီလိုပြောလို့ မရနိုင်ဘူး။ အချိတ်အဆက်တွေက အများကြီးရှိတယ်။ ကွင်းဆက်တွေက အများကြီးရှိတယ်။ ဒီတစ်နှစ်ကို လေးလမီးပြတ်တဲ့ ကိစ္စဟာ အရင်တုန်းကလို ယူဆလို့မရဘူး။

တိုင်းပြည်အတွက် Impact တော်တော်ကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုးတဲ့သူတွေကြောင့် ကောင်းတဲ့သူတွေကို ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမဝေဖန်ချင်ပါဘူး။ အဓိက တာဝန်ရှိတဲ့ သူတွေအနေနဲ့ လူကြီးလူကောင်း ပီပီသသ ကိုယ့်တာဝန်ကိုယ် ယူပေးကြရင် ဒီမိုကရေစီစနစ် အတွက် အစဉ်အလာကောင်း ဖြစ်သွားပါလိမ့်မယ်”

Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်

0 comments: