စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, April 2, 2012

လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသူ ၄၀ ဦး၏ အမည်စာရင်းကို ညနေ ၆ နာရီ နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ကြေညာ




ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားသူ ၄၀ ဦး၏ အမည်စာရင်းကို ညနေ ၆ နာရီ နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ကြေညာသည်။ အနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုသည့် ကိုယ်စားလှယ် ၄၀ ဦးစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များဖြစ်သည်။

ထို့ကြောင့် အမည်စာရင်းမကြေညာသေးသော မဲဆန္ဒနယ် ၅ ခုရှိသေးပြီး၊ ပြည်သူ့လွှတ်တော်မှ ၂ နေရာနှင့် အမျိုးသားလွှတ်တော်မှ ၃ နေရာတို့ဖြစ်သည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ထဲမှ မင်းကင်းမြို့နယ်၊ ကျွန်းစုမြို့နယ်တို့ဖြစ်ပြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များထဲမှ စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၃)၊ စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၇)၊ ရှမ်းပြည်နယ်အမှတ်(၃) မဲဆန္ဒနယ်တို့အတွက် အနိုင်ရရှိသူ အမည်စာရင်းကို မကြေညာသေးပေ။

အနိုင်ရရှိသူ မကြေညာသေးသော မဲဆန္ဒနယ်များထဲမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်များမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒေါ်ခင်မွေးလွင်၊ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဒေါ်တင်တင်ရီ၊ စစ်ကိုင်းတိုင်းဒေသကြီးအမှတ်(၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဒေါက်တာမြင့်နိုင်၊ ရှမ်းပြည်နယ်အမှတ်(၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဦးစိုင်းမြင့်မောင်တို့ ၀င်ရောက်ယှဉ်ပြိုင်ထားကြသည်။

0 comments: